မာနီနဲ့ စင်ဒူတို့နှစ်ယောက်ဆယ်ကျော်သက်အရွယ်မှာပဲ အချစ်နယ်ကျွံပြီးကိုယ်၀န်ရသွားချိန်မှာ နှစ်ဖက်မိဘကလည်းမထောက်ပံ့ ကိုယ်ထူကိုယ်ထရပ်တည်ကြရပါတော့တယ်ကျောင်းစာတစ်ဖက်အလုပ်တစ်ဖက်နဲ့၀င်ငွေဟာ အိမ်စရိတ် မီးဖွားစရိတ်ဘာမှမလုံလောက်ခဲ့ပေမယ့် အချစ်လတ်လတ်ဆတ်ဆတ်တွေနဲ့ ဒုက္ခပင်လယ်ကြား ပြုံးပျော်နေကြတုန်းပါပဲဒါပေမယ့် တူနှစ်ကိုယ်တဲအိုပျက်မှာ ထမင်းကြမ်းခဲ ဘာညာသာရကာဆိုတာပိုးစိုးပက်စက်ဂျင်းဆိုတဲ့အကြောင်းကို ဇာတ်ကားလေးမှာ အောင့်သီးအောင့်သက်နဲ့ကြည့်ရှုရမှာပါအခက်အခဲတွေကြားက မိတ်ဆွေတွေ အိမ်ထောင်ရေးမှာ ချစ်ကြည်နူးတစ်တီတူးပြီးရင်ကြုံတွေ့ရမဲ့လက်တွေ့ဘဝတွေ သားသမီးဆိုတာ ဘယ်လိုပျိုးထောင်ရလဲဆိုတဲ့ဘဝမှန်ကူကွက်တွေကို ပေါ့ပေါ့ပါးပါးပါးနဲ့ အတွေးများစေရမဲ့ ဇာတ်ကားလေးပါကဗျာဆရာတစ်ယောက်ရဲ့ စာသားလေးနဲ့ပဲ အညွှန်းကို အဆုံးသတ်ပေးပါရစေကျွန်တော်တို့အချစ်ကိုကိုးကွယ်ခဲ့ဖူးတယ်…..လောကဓံနဲ့ ရင်ဆိုင်တွေ့ချိန်မှာတော့အချစ်ဟာ အငွေ့ပျံပြီး ရှောင်ပြေးသွားခဲ့တယ်…