ပန်ချာပီစကားပြော လူငယ်ရိုးမန့်စ်ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ရိုးရာ ခိုပြိုင်ပွဲကလွဲရင် ဘာမှစိတ်မဝင်စားတဲ့ဂျိုဘန်။ ရပ်ကွက်ထဲမှာ ငှက်ဖမ်းလိုက်၊ လူမိုက်လုပ်လိုက်၊ ရမ်းကုဆရာဝန်နဲ့ ရန်ဖြစ်လိုက်နေလာရင်း စကားမပြောနိုင်တဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံလာတဲ့အခါ။စကားလုံးတွေနဲ့ ပြောပြစရာမလိုဘဲ အကြည့်တွေ၊ အမူအရာတွေ ခံစားချက်တွေနဲ့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုတည်ဆောက်ကြရင်း တဖြည်းဖြည်း ရင်းနှီးလာခါမှ အလှည့်အပြောင်းတစ်ခုနဲ့ကြုံလိုက်ရတဲ့အခါမှာတော့...။