Sense and Sensibility FHD

Sense and Sensibility

Drama Romance FHD 2026

စာရေးဆရာမကြီး Jane Austen ရဲ့ ဂန္ထဝင်ဝတ္ထုကြီးကို ပြန်လည်အသက်သွင်းထားတဲ့ period romance drama တစ်ပုဒ်ဖြစ်ပါတယ်။ သမီးသုံးယောက် မွေးဖွားထားတဲ့ ဒက်ရှ်ဝုဒ်မိသားစုမှာ ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးတဲ့နောက် မိသားစုငွေကြေး အခြေအနေဟာ ပြောင်းလဲသွားပါတော့တယ်။ သိကြတဲ့အတိုင်း ၁၈ ရာစုလို အချိန်ကာလတွေမှာ အမျိုးသမီးတွေအဖို့ တင့်တောင်းတင့်တယ်နေနိုင်ဖို့ဆိုတာ ဥစ္စာပေါတဲ့ ယောက်ျားကို ရှာယူနိုင်ဖို့ တစ်နည်းပဲရှိပါတယ်။ ဒီလိုအချိန်မှာပဲ သမီးသုံးယောက်ထဲက အရွယ်ရောက်ပြီးသား ဖြစ်တဲ့ အယ်လီနောဒက်ရှ်ဝုဒ်နဲ့ မာရီယန်းဒက်ရှ်ဝုဒ်တို့ဟာ သူတို့ချစ်နှစ်သက်တဲ့ အမျိုးသားတွေနဲ့ စတင်တွေ့ဆုံခဲ့ကြတယ်။ ညီအစ်မ‌တွေဖြစ်တဲ့တိုင် အယ်လီနောက ခံစားချက်ကို မျိုသိပ်တတ်ပြီး မာရီယန်းကတော့ ပွင့်လင်းစွာချစ်တတ်သူဖြစ်တယ်။ ဒီလို အချစ်ခံယူချက်တွေ၊ အသိုင်းအဝိုင်းရဲ့ ဖိအားတွေကြားမှာ ချစ်ခြင်းမေတ္တာဆိုတာကို ဘယ်လို ပုံဖော်ထားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။