Crazy Rich, Incredibly Broke FHD

Crazy Rich, Incredibly Broke

Comedy Drama FHD 2026

အလွန်ချမ်းသာကြွယ်ဝရာကနေ တစ်နေ့မှာ ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားခဲ့ပြီးတဲ့နောက်... လူအများရှေ့မှာ ဂုဏ်မငယ်ရအောင်ချမ်းသာတဲ့ပုံစံ ဆက်လက် ဟန်ဆောင်ရှင်သန်ကြဖို့ ရွေးချယ်ခဲ့ကြတဲ့ သူဌေးမိသားစုတစ်စုအကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အာရပ် Arabic / Comedy ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တစ်ချိန်က အဆမတန် ချမ်းသာကြွယ်ဝခဲ့ပြီး မြို့ပေါ်မှာ ဂုဏ်ရှိန်အဝါနဲ့ နေထိုင်ခဲ့ကြတဲ့ သူဌေးမိသားစုတစ်စု အကြောင်းကနေ စတင်ထားတာပါ။ ဒါပေမဲ့ မထင်မှတ်တဲ့ စီးပွားရေး အပြောင်းအလဲနဲ့ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူတို့ပိုင်ဆိုင်သမျှ စည်းစိမ်ဥစ္စာတွေ အကုန်လုံး ဆုံးရှုံးပြီး ဒေဝါလီခံလိုက်ရပါတော့တယ်။လက်တွေ့ဘဝမှာတော့ ဘယ်မှမရှိတော့ဘဲ ဆင်းရဲမွဲတေသွားပြီ ဖြစ်ပေမဲ့... ဒီမိသားစုကတော့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းရှေ့မှာ မျက်နှာမငယ်ရအောင်၊ သူတို့ရဲ့ နာမည်ဂုဏ်သတင်း မကျဆင်းရအောင် ဟန်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ တကယ်တမ်း ဘယ်အရာမှ မရှိတော့ဘဲ ချမ်းသာတဲ့ပုံစံ ဆက်လက် ဟန်ဆောင်နေရတဲ့အခါ... နေ့စဉ်ဘဝမှာ ကြုံတွေ့ရမယ့် ရယ်စရာ အလွဲအချော်တွေ၊ ပလပ်စတစ်ဆန်တဲ့ လူ့အသိုင်းအဝိုင်းရဲ့ ဟန်ဆောင်မှုတွေကို ဟာသပြကွက်တွေနဲ့ ကြည့်ရမယ့် ကားကောင်းလေး ဖြစ်ပါတယ်