The Hunting At Lin Family House 37 FHD

The Hunting At Lin Family House 37

Horror FHD 2026

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းငယ်လေးတစ်ကျွန်းပေါ်မှာ လင်မိသားစုပိုင်အိမ်ကြီးရဲ့ ခြောက်ခြားစရာကောင်းတဲ့ ဖြစ်ရပ်အကြောင်းပဲဖြစ်ပါတယ်။ အဲဒီအိမ်ကြီးမှာ အိမ်ရှင်မဖြစ်တဲ့ လင်စီးယွီဟာ နာခံတတ်ပြီး အေးအေးဆေးဆေးနေတတ်တဲ့သူဖြစ်သော်လဲ သူ့ရဲ့ခင်ပွန်းဖြစ်သူထောင်သောယွီကတော့ အရက်သေစာသောက်စားပြီး မူးလာတဲ့အခါဇနီးဖြစ်တဲ့သူကို ရိုက်နှက်တတ်သူဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲဒီအိမ်ကြီးကို သူဌေးကြီးတစ်ယောက်ကစိတ်ဝင်စားသွားရာ ငွေကြေးအမြောက်အမြားကမ်းလှမ်းပြီးဝယ်ဖို့ကြိုးစားလာပါတယ်။ လင်စီးယွီက ဘိုးဘွားပိုင်အိမ်ကြီးကိုရောင်းဖို့ ငြင်းဆန်သော်လည်း လောဘတက်နေတဲ့ခင်ပွန်းဖြစ်သူက ဇနီးဖြစ်တဲ့သူရဲ့ဆန္ဒကိုဆန့်ကျင်ပြီး အတင်းရောင်းချဖို့ကြံစည်ပါတော့တယ်။ နှစ်ဦးသား အပြင်းအထန်စကားများပြီး ငြင်းခုန်ကြတဲ့အခါမှာတော့ ထောင်သောယွီဟာ မတော်တဆသေဆုံးသွားခဲ့ပါတယ်။ လင်စီးယွီဟာ သူငယ်ချင်းဆိုဖီရဲ့အကူအညီနဲ့ ထောင်သောယွီရဲ့အလောင်းကို ရေကန်ထဲပစ်ချပြီး ဖျောက်ဖျက်ခဲ့ပေမယ့် ထောင်သောယွီရဲ့ ပုံရိပ်တွေဟာ အချိန်တိုင်းမှာ စီးယွီကိုခြောက်လှန့်နေပါတော့တယ်။ ဒီလိုနဲ့ အများအမြင်မှာ ပျော်ရွှင်တဲ့မိသားစုဖြစ်ခဲ့တဲ့အိမ်လေးဟာ ခြောက်ခြားစရာကောင်းတဲ့အိမ်ကြီးဖြစ်လာပါတော့တယ်။