She Dances FHD

She Dances

Comedy Drama FHD 2026

ဒီဇာတ်လမ်းကတော့ မိသားစုဝင်တစ်ယောက် ဆုံးရှုးလိုက်ရပြီးတဲ့နောက် ဝေးကွာသွားခဲ့တဲ့ အဖေနဲ့သမီးကြားက သံယောဇဉ်ကို ပြန်လည်ကုစားတဲ့အကြောင်း ရိုက်ကူးထားတဲ့ ကားတစ်ကားပဲဖြစ်ပါတယ်။ အဖေဖြစ်သူ Jason က သားဖြစ်သူ ဆုံးရှုးလိုက်ရလို့ စိတ်ထိခိုက်နေပြီး၊ သမီး Claire နဲ့လည်း စကားမပြောဖြစ်ဘဲ စိမ်းကားနေကြပါတယ်။ ဒါပေမဲ့ သမီးဖြစ်သူ Claire အတွက် ကျောင်းမပြီးခင် နောက်ဆုံး ယှဉ်ပြိုင်ရမယ့် အရေးကြီးတဲ့ ပြည်နယ်အဆင့် အကပြိုင်ပွဲကြီး တစ်ခုရှိလာလို့ Jason က အုပ်ထိန်းသူအဖြစ် လမ်းခရီးမှာ ကားအတူတူ မောင်းပြီး လိုက်ပို့ပေးရပါတယ်။ ပြိုင်ပွဲကွင်းကို သွားတဲ့ လမ်းခရီးနဲ့ ပြိုင်ပွဲမှာ အတူရှိနေတဲ့ အချိန်တွေက သူတို့နှစ်ယောက်ကို အတိတ်က ဝမ်းနည်းစရာတွေကို ရင်ဆိုင်ပြီး တစ်ယောက်ကိုတစ်ယောက် ပြန်လည်နားလည်လာစေပါတယ်။ ဒီလိုနဲ့ ဒီခရီးစဉ်ကနေ သူတို့သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေး ဘယ်လိုပြန်အဆင်ပြေသွားမလဲ၊ သမီးလေးရဲ့ အကပြိုင်ပွဲမှာကော ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စိတ်ဝင်စားစရာ ဇာတ်လမ်းလေးအဖြစ် ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။