နာမည်ကြီးဒါရိုက်တာ Tyler Perry ရဲ့ "Doing Life" (2026) ဇာတ်ကားက အတိတ်မှာ အမှားအယွင်းရှိခဲ့တဲ့ လူတစ်ယောက်ရဲ့ ပြောင်းလဲမှုနဲ့ ခက်ခဲတဲ့ ဘဝတွေကြားထဲက ဖြစ်တည်လာတဲ့ အချစ်ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင် ထောင်စောင့်အမျိုးသမီး အနီကာ (Anika) ကို ထောင်ဆူပူမှုအတွင်းမှာ အကျဉ်းသား ကာရူဆယ် (Carousel) က သူ့အသက်ကိုစတေးပြီး ဓားထိုးခံကာ ကယ်တင်ခဲ့ပါတယ်။ အနီကာ အလုပ်ထွက်ပြီး ကလေးမွေးပြီးချိန်မှာတော့ ထောင်ထဲက ကာရူဆယ်နဲ့ စာအပြန်အလှန်ရေးရင်း သံယောဇဉ်တွဲပြီး ချစ်သွားကြပါတော့တယ်။ဒါပေမဲ့ ကာရူဆယ် ထောင်ကလွတ်လာပြီး အနီကာနဲ့ တွဲတဲ့အခါမှာတော့ အနီကာ့အမေက ကာရူဆယ်ရဲ့ အတိတ်ရာဇဝတ်မှုကြောင့် သဘောမတူဘဲ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတော့တယ်။ ဒီလိုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ အမြင်နဲ့ မိသားစုအတားအဆီးတွေကြားထဲမှာ သူတိုနှစ်ယောက် ဘယ်လိုရှေ့ဆက်မလဲဆိုတာကိုတော့ ဒီအချစ်ဒရမ်မာကားလေးထဲမှာ ရင်ခုန်စရာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။