Nishaanchi 2 FHD

Nishaanchi 2

ရုပ်ရည်က တစ်ပုံစံတည်း တူကြပေမဲ့ အကျင့်စရိုက်ချင်း မိုးနဲ့မြေလို ကွခြားနေတဲ့ အမြွှာညီကိုနှစ်ယောက်။ အရင်ကားရဲ့အဆုံးမှာ ဘတ်ဘလူးက ထောင်ကျသွားခဲ့ပြီး ညီဖြစ်သူ ဒါဘလူးနဲ့ ဘတ်ဘလူးရဲ့ဇနီး ရင်ကူးတို့ဟာ ကြိုးချင်းငြိရာကနေ ငြိစွန်းသွားကြပါတယ်။ ဘတ်ဘလူးထောင်ထဲရောက်နေတုန်းမှာ ဒါဘလူးက အလုပ်ရှာဖို့ကြိုးစား၊ ရင်ကူးကလည်း အနုပညာလောကထဲဝင်ဖို့ကြိုးစားနေခဲ့ပြီး အရာအားလုံး တည်ငြိမ်စပြုတဲ့အခါမှာပဲ ဘတ်ဘလူးက ထောင်ကနေပြန်ထွက်လာခဲ့ပါတယ်။ ဘတ်ဘလူးဟာ ထောင်ထွက်ခါစမှ ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ကြိုးစားပေမဲ့ ညီဖြစ်သူနဲ့ ဇနီးဟောင်းတို့ရဲ့ဇာတ်လမ်းကိုသိသွားပြီး သူ့ကို လူမိုက်လောကထဲ ပြန်တွန်းပို့မယ့် တခြားဖိအားတွေနဲ့ပါကြုံလာရတဲ့အခါ...။