Âm Dương Lộ (The Hitchhiker) ဆိုတာ ၂၀၂၅ ခုနှစ် မတ်လက ထွက်ရှိထားတဲ့ ဗီယက်နမ် သည်းထိတ်ရင်ဖို ဟာသ ရုပ်ရှင်ကားလေး တစ်ကားဖြစ်ပါတယ်။ ဒီကားလေးကို ဗီယက်နမ်ရဲ့ ပထမဆုံး ခရီးသွား သည်းထိတ်ရင်ဖို ဇာတ်ကား (Horror Road Trip) အဖြစ် တင်စားခေါ်ဝေါ်ကြပါတယ်။ ဇာတ်လမ်းကတော့ ထရွန်ညဏ် လို့ခေါ်တဲ့ လူနာတင်ယာဉ် မောင်းသမားလေး အကြောင်းပါ။ သူ့ရဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဝေးလံခေါင်ဖျားတဲ့ တောင်တန်းဒေသတစ်ခုကို အလောင်းတစ်လောင်း သွားပို့ရပါတော့တယ်။ အဲဒီခရီးစဉ်မှာ ဖွန် လို့ခေါ်တဲ့ သတင်းထောက် အလုပ်သင်လေး တစ်ယောက်လည်း လိုက်ပါလာပါတယ်။ လမ်းမှာ ကားပျက်လို့ ဒုက္ခရောက်နေတဲ့ သွီချီ ဆိုတဲ့ မိန်းကလေးကိုပါ လမ်းကြုံတင်ခေါ်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ ၃ ယောက် အတူတူ ခရီးဆက်လာရင်း လမ်းမှာ ထူးခြားဆန်းကြယ်တဲ့ သရဲတစ္ဆေ ခြောက်လှန့်မှုတွေနဲ့ ဆက်တိုက် ရင်ဆိုင်ကြရပါတော့တယ်။ ပိုပြီး ကြောက်စရာကောင်းတာက ထရွန်နန် မောင်းနေတဲ့ လူနာတင်ကားကြီးနဲ့ ပတ်သက်ပြီး သူ့အဖေ ဖုံးကွယ်ထားခဲ့တဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်ကြီး တစ်ခုကိုပါ ဒီခရီးစဉ်ထဲမှာပဲ ရှာဖွေတွေ့ရှိသွားတာပါပဲ။ သရုပ်ဆောင်တွေအနေနဲ့ ထရွန်နန် အဖြစ် ဘတ်ကွန်ခန်း၊ သတင်းထောက်လေး ဖွန် အဖြစ် တွမ်ဒုံး နဲ့ လမ်းကြုံလိုက်လာတဲ့ ကောင်မလေး သွီချီ အဖြစ် လန်သီ တို့က အဓိက ပါဝင်ထားကြပါတယ်။ ဒါရိုက်တာ ဟွမ်တွမ်ကွန်း က ရိုက်ကူးထားတာပါ။ ခရီးသွားရင်း သရဲခြောက်တဲ့ ဇာတ်လမ်းမျိုး၊ ရယ်စရာလေးတွေလည်း ပါပြီး သည်းထိတ်ရင်ဖိုစရာ လျှို့ဝှက်ချက်တွေနဲ့ ဇာတ်ကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားလေးကို သေချာပေါက် ကြည့်ကြည့်ဖို့ ညွှန်းပေးလိုက်ပါတယ်ဗျာ။