Vasudheva Sutham FHD

Vasudheva Sutham

ဒါရိုက်တာ Vykunt Bonu က ရိုက်ကူးထားပြီး အိန္ဒိယနိုင်ငံက နာမည်ကျော် ပူရီ ဂျာဂန်နတ် ဘုရားကျောင်း ရဲ့ လျှို့ဝှက်နက်နဲပြီး အံ့ဖွယ်ကောင်းတဲ့စွမ်းအင်တွေ၊ ယုံကြည်မှုတွေနဲ့ ဆက်စပ်နေတဲ့ အကြောင်းအရာတွေကို အခြေခံ ရိုက်ကူးထားတဲ့ တေလူဂူ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက‌ အရှင်ခရစ်ရှ်နားဟာ ကမ္ဘာပေါ်မှာ တရားမျှတမှုကို ပြန်ထူထောင်ဖို့နဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ လူဝင်စားခဲ့ပါတယ်။ ဒွာပါရာယူဂမ် ကုရုခ်ရှေတရာစစ်ပွဲကြီး ပြီးသွားတဲ့အခါမှာတော့ အရှင်ခရစ်ရှ်နားလည်း ကွယ်ပျောက်သွားခဲ့ပြီး ဒွာရာကာမြို့တော်ကြီး တစ်ခုလုံးလည်း ပင်လယ်သမုဒ္ဒရာထဲမှာ နစ်မြုပ်သွားခဲ့ရတယ်။ အဲဒီနောက် နှစ်ပေါင်းများစွာ ကြာတဲ့အခါကျတော့မှ မာလာဗာဘုရင် အင်ဒရာဒွမ်နာဆိုတဲ့ မင်းတစ်ပါးက ဂျာဂန်နတ် ဘုရားကျောင်းကြီးကို အစပြု တည်ထောင်ခဲ့တာပေါ့။ အဲဒီဘုရားကျောင်းထဲမှာ ကိန်းဝပ်နေတဲ့ မြင့်မြတ်တဲ့ တန်ခိုးစွမ်းအင်တွေနဲ့ ရှေးဟောင်းလျှို့ဝှက်ချက်တွေဟာ အခုချိန်ထိကို မျိုးဆက်သစ်တွေ လက်ထက်အထိ လက်ဆင့်ကမ်း ဆက်လက် တည်ရှိလာခဲ့ပါတယ်။ဒီလိုနဲ့ ဒီနေ့ခတ်ကိုရောက်ရှိလာတဲ့အခါ ပူရီဂျာဂန်နတ် ဘုရားကျောင်း မှာရှိတဲ့မြင့်မြတ်တဲ့ တန်ခိုးစွမ်းအင်ကို လုယူဖို့ကြိုးစားကြတဲ့ မသမာတဲ့လူတစ်စုနဲ့ ဘုရားကပေးတဲ့စွမ်းအင်နဲ့ ကြားခံရပ်တည်ကာ ကာကွယ်ပေးမဲ့ သူရဲကောင်း ခရစ်ရှပ် တို့ရဲ့ ဓမ္မနဲ့အဓမ္မကြားက အားပြိုင်ပွဲကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။