ဒီဇာတ်ကားဟာ ဒါရိုက်တာနဲ့ဇာတ်ညွှန်းရေးဆရာ Robby Brumfield ရိုက်ကူးထားတဲ့ အမေရိကန် Indie Drama ရုပ်ရှင်ကားဖြစ်ပြီး IMDb ရမှတ် ၇.၃ / ၁၀ ရရှိထားပါတယ်။ ကြာချိန်ကတော့ ၁ နာရီ ၂၀ မိနစ်ရှိပါတယ်။Chicago မြို့မှာ အခြေစိုက်ပြီး အနုပညာလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ပြဇာတ်မင်းသမီး Zoe ရဲ့ ဘဝကို ပုံဖော်ထားတာ ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်ချင်တဲ့သူ့ရဲ့ ပြင်းပြလှတဲ့ ရည်မှန်းချက်တွေ၊ အဲဒီကတစ်ဆင့် သက်ရောက်လာတဲ့စိတ်ဖိစီးမှုဖိအားတွေနဲ့အတူ တဖြည်းဖြည်း ယိုယွင်းလာတဲ့စိတ်ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်ကျော်ဖြတ်ရပုံကို သဘာဝကျကျနဲ့ လေးနက်စွာ ရိုက်ကူးပြထားတဲ့ဇာတ်ကားဖြစ်ပါတယ်။