တမီးလ်နာဒူးပြည်နယ်ဘက်ကို ခရီးထွက်လာတဲ့ လင်မယားနှစ်ဦးဟာ လမ်းဘေးတစ်နေရာမှာ စွန့်ပစ်ထားတဲ့ ဗီဒီယိုကင်မရာအချို့ကို မတော်တဆ ကောက်ရရှိခဲ့ကြပါတယ်။ အစကတော့ မသိစိတ်နဲ့ အဲဒီကင်မရာတွေထဲမှာပါတဲ့ မှတ်တမ်းမှတ်ရာတွေကို ပြန်လည်ကြည့်ရှုလိုက်တဲ့အခါမှာတော့ သာမန် ခရီးသွား ဗီဒီယိုမဟုတ်ဘဲ အစအနမရှိ ပျောက်ဆုံးသွားခဲ့တဲ့ ဘင်္ဂလူရူးမြို့က Vlog ရိုက်ကူးသူ သူငယ်ချင်းတစ်စုရဲ့ နောက်ဆုံးရိုက်ကူးချက်တွေ ဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ကင်မရာထဲက ဗီဒီယိုဖိုင်တွေထဲမှာ အဲဒီသူငယ်ချင်းတစ်စုရဲ့ ေ-သွးပျက်ဖွယ်ရာ ထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ခဲ့ရပုံတွေ ၊ အမှောင်ထုထဲမှာ ဘာတွေက သူတို့ကို လိုက်လံဒုက္ခပေးခဲ့သလဲဆိုတာတွေကို မြင်တွေ့ရပြီး အဲဒီလင်မယား၂ယောက်က အမှန်တရားကို လိုက်လံစုံစမ်းဖို့ ကြိုးစားကြပါတော့တယ်။ဒါပေမဲ့ အမှုမှန်ကို ဖော်ထုတ်ဖို့ ကြိုးစားရင်း လင်မယားနှစ်ဦးစလုံး ပျောက်ဆုံးသွားသူတွေ ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်စရာ အန္တရာယ်ကြီးအတွင်းကိုပါ တဖြည်းဖြည်း သက်ဆင်းဝင်ရောက်သွားခဲ့ရတဲ့အခါမှာတော့...Found-footage စတိုင် ရိုက်ကူးထားတာဖြစ်လို့ ပွဲကြည့်ပရိသတ်ပါ ကိုယ်တိုင်ကြုံတွေ့နေရသလို စိတ်လှုပ်ရှား ရင်ဖိုစွာ ကြည့်ရှုရမယ့် Horror Thriller ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။