ဒါရိုက်တာ Christopher Mills နဲ့ Ana Torre တို့ ပူးတွဲရိုက်ကူးထားတဲ့ ဗြိတိန်-မက္ကဆီကို ပူးပေါင်းထုတ်လုပ်မှု Comedy-Drama ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ ကြာချိန် ၇၅ မိနစ်ဝန်းကျင်ပဲ ရှိတာကြောင့် အချိန်အများကြီးပေးစရာမလိုဘဲ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်တဲ့ Indie ရုပ်ရှင်ကားလေး ဖြစ်ပါတယ်။ လန်ဒန်မှာ နေထိုင်နေတဲ့ အသက် ၃၀ အရွယ် ဗြိတိန်-မက္ကဆီကိုကာတွန်းဆရာမလေး Camila ဟာ ရုတ်တရက် အလုပ်ပြုတ်သွားခဲ့ပြီး ကိုယ်ပိုင်တိုက်ခန်းဝယ်ယူဖို့ ငွေလိုအပ်ချက်ကြောင့် မိဘတွေဆီ အကူအညီတောင်းဖို့ ပြန်သွားခဲ့ပါတယ်။ ဒါပေမဲ့ အိမ်ရောက်ချိန်မှာ အသက် ၅၁ နှစ်အရွယ်မိခင်ဖြစ်သူမှာ မထင်မှတ်ဘဲ ကိုယ်ဝန်ရှိနေတာကို သိလိုက်ရပါတယ်။ မမျှော်လင့်ထားတဲ့ ဒီ ဖြစ်ရပ်ကြောင့် သူ့ရဲ့ ငွေကြေးအကူအညီမျှော်လင့်ချက်တွေ ပျက်စီးသွားခဲ့ပြီး လူကြီးဘဝဆီ ကူးပြောင်းချိန်မှာ ရင်ဆိုင်ရတဲ့ ရှုပ်ထွေးလှတဲ့အဖြစ်အပျက်တွေကို ရယ်စရာရော သံဝေဂရစရာပါ ရောပြွန်းရိုက်ကူးထားတာ ဖြစ်ပါတယ်။ ယနေ့ခေတ်လူငယ်တွေ ရင်ဆိုင်နေရတဲ့ အိမ်ရာစျေးနှုန်းကြီးမြင့်မှုဖိအား၊ ငွေကြေးကျပ်တည်းမှု၊ မိသားစုတာဝန်ယူမှုတွေနဲ့ အရွယ်ရောက်ပြီးသူဘဝဆီ ကူးပြောင်းချိန်မှာ ရုန်းကန်ရတဲ့ အရှိတရားကို ပေါ့ပါးစွာ မီးမောင်းထိုးပြထားပါတယ်။