ဆီလ်ဗီဟာ ပါရီမြို့ရဲ့တိုက်ခန်းတစ်ခုမှာ လူတွေနဲ့အဆက်အသွယ်ဖြတ်ပြီး တစ်ကိုယ်တည်းနေထိုင်တဲ့ နာမည်ကျော်စာရေးဆရာမကြီးတစ်ယောက်ပါ။ သူ့မှာအတိတ်က စိတ်ဒဏ်ရာတွေရှိပြီး ညဘက်တွေမှာ မှန်ပြောင်းတစ်လက်နဲ့လမ်းတစ်ဖက်က အိမ်နီးချင်းတွေရဲ့ကိုယ်ပိုင်ဘ၀ကိုချောင်းကြည့်လေ့ရှိပါတယ်။လမ်းတစ်ဖက်မှာတော့ နီတာ၊ သီယိုနဲ့နီကိုလပ်စ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက်ရဲ့အသံအထူးပြုလုပ်ချက်စတူဒီယိုတစ်ခုရှိပြီး ဆီလ်ဗီက အဲ့ဒီ အိမ်နီးချင်းတွေရဲ့အပြုအမူတွေကို မှန်ပြောင်းကတစ်ဆင့်ချောင်းကြည့်ပြီး သူတို့ကြားက တဏှာရာဂ၊ မနာလိုမှု သစ္စာဖောက်မှုတွေပါဝင်တဲ့စိတ္တဇဆန်ဆန်စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်ကိုစရေးပါတော့တယ်။တစ်နေ့မှာတော့ ဆီလ်ဗီရဲ့အခန်းကိုရှင်းဖို့ တူမဖြစ်သူလွှတ်ပေးလိုက်တဲ့ ကဗျာဝါသနာရှင်လူငယ်လေး အဒမ်ရောက်ရှိလာပြီး သူရေးနေခဲ့တဲ့စိတ်ကူးယဉ်ဇာတ်လမ်းစာမူကိုဖတ်မိရာက စွဲလန်းသွားတဲ့နောက်မှာတော့ အပြင်လောကမှာရှိနေတဲ့ နီတာ့ကိုသွားပြမိခဲ့ပြီး သူတို့အားလုံးရဲ့ဘ၀မှာ စိတ္တဇဆန်တဲ့အပြောင်းအလဲတွေစတင်လာပါတော့တယ်။Histoires Parallèles ဟာ အော်စကာဆုများရှင် အီရန်ဒါရိုက်တာ Asghar Farhadi(A Separation (2011),The Salesman (2016)) ရိုက်ကူးထားပြီး Isabelle Huppert၊ Virginie Efira၊ Pierre Niney နဲ့ Vincent Cassel စတဲ့ ပြင်သစ်ထိပ်တန်း သရုပ်ဆောင်ကြီးများ ပါဝင်အားဖြည့်ထားပါတယ်။ ငြိမ့်ငြိမ့်ညောင်းညောင်းစီးမျောခံစားရမယ့် Psychological Drama ပရိသတ်တွေအတွက် ဇာတ်ကားကောင်းတစ်ကားပါပဲ။