ဇာတ်လမ်းက တိတ်ဆိတ်နေတဲ့ ညတစ်ညမှာ စတင်ပါတယ်။ ဆာရာ မစ်ချယ်လ် (Sarah Mitchell - သရုပ်ဆောင် Karen Abercrombie) ဟာ ဘဝကို အရှုံးပေးပြီး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့အတွက် မှောင်မိုက်နေတဲ့ ဘုရားကျောင်းတစ်ခုထဲကို ဝင်လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအချိန် ဘုရားကျောင်းထဲမှာ သင်းအုပ်ဆရာ ဒေးဗစ် ရေးနိုးလ် (Pastor David Reynolds - သရုပ်ဆောင် William L. Johnson) တစ်ယောက်တည်း ရှိနေခဲ့ပါတယ်။ သင်းအုပ်ဆရာ ဒေးဗစ် ကိုယ်တိုင်ကလည်း ဘဝရဲ့ အခက်အခဲတွေနဲ့ ဆုံးရှုံးမှုတွေကြောင့် သူ့ရဲ့ ယုံကြည်မှု (Faith) တွေ တုန်လှုပ်ပျောက်ဆုံးနေချိန် ဖြစ်ပါတယ်။ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ လူနှစ်ယောက် ဘုရားကျောင်းထဲမှာ ဆုံတွေ့ကြတဲ့အခါ၊ တစ်ယောက်ရဲ့ နာကျင်မှုတွေကို တစ်ယောက် ဝေမျှရင်း မျှော်လင့်ချက် ရောင်ခြည်ကို ဘယ်လို အတူတူ ပြန်လည်ရှာဖွေကြမလဲ ဆိုတာကို ရိုက်ကူးထားတာပါ။ War Room ဇာတ်ကားနဲ့ နာမည်ကြီးတဲ့ မင်းသမီး Karen Abercrombie နဲ့ William L. Johnson တို့ရဲ့ သရုပ်ဆောင်မှုတွေက ဒီဇာတ်ကားရဲ့ အသက်ပါပဲ။ လူနှစ်ယောက်တည်းရဲ့ စကားပြောခန်း (Dialogue) တွေကို အဓိကထား ရိုက်ကူးထားပေမယ့် သူတို့ရဲ့ မျက်နှာအမူအရာနဲ့ ခံစားချက်တွေက ကြည့်ရှုသူရဲ့ ရင်ထဲကို တိုက်ရိုက် ထိမှန်စေပါတယ်။ Where is Your Faith" ဟာ စိတ်ဓာတ်ကျနေချိန်၊ ဒါမှမဟုတ် ဘဝမှာ အားငယ်နေချိန် ကြည့်ရှုဖို့ အကောင်းဆုံးသော ဘာသာရေးနဲ့ ဘဝခွန်အားပေး ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ခရစ်ယာန် ဇာတ်ကားကောင်းတွေကို နှစ်သက်သူတွေ၊ လူသားဆန်တဲ့ ဒရာမာ ဇာတ်လမ်းတွေကို ခုံမင်သူတွေအတွက် အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။