လူချမ်းသာ မျိုးရိုးမြင့်ဇာတ်ထဲက မိန်းမလှလေး ကာသီကာက မွေးတည်းကရွှေဇွန်းကိုက်မွေးလာခဲ့ပြီး ပြီးပြည့်စုံတဲ့အလှနဲ့မို့ ပုရိသတို့ရဲ့ အသည်းစွဲပေါ့။ သွားလေရာတိုင်းမှာ ပိုးကြပန်းကြတဲ့ ယောကျာ်းကအများသားမို့ ရတတ်မအေးဖြစ်ရတာကတော့ သူမရဲ့ဖခင်။ သူမ မသိအောင် နောက်ကွယ်ကနေ ပိုးပန်းသူမှန်သမျှကို တိတ်တဆိတ်ရှင်းထုတ်လာရင်း ဆယ်စုနှစ်တစ်ခုကုန်ဆုံးလာခဲ့တယ်။ ကာသီကာ အိမ်ထောင်ပြုချိန်ရောက်လေတော့ သူမရဲ့ကံကြမ္မာက တစ်မျိုးဖန်လာပြန်တယ်။ အဲဒါကတော့ သူမနဲ့ယူမဲ့လူတိုင်းက မယူခင်ကာလမှာကို အသ-တ်ခံရတာပါပဲ။ လက်သည်ရယ်မပေါ်ဘဲ ချစ်ရသူတွေနဲ့ ေ-သကွဲကွဲရတဲ့သူမအဖို့တော့ ရှင်သန်ရတာ ငရဲလိုပေါ့။ ဒီကွင်းဆက်လူသ-တ်မှုကို စုံစမ်းရမှာက ရဲအရာရှိ ချေဇီယန်။ ချေဇီယန်တစ်ယောက် စုံစမ်းလေ တွေ့ရှိလေ ဖြစ်လာမှာတွေကတော့.....။