Habeebi FHD

Habeebi

ဇွန်လတုန်းက ရုံတင်ခဲ့တဲ့ တမီလ်မိသားစု အချစ်ဒရာမာရုပ်ရှင်ကောင်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းဟာ ၁၉၈၀ ကနေ ၂၀၂၄ ကြားထဲက ခေတ်သုံးခေတ်နောက်ခံနဲ့ တမီလ်နာဒူးပြည်နယ်တောင်ပိုင်းက လက်ယက်ကန်းလုပ်ငန်းလုပ်ကိုင်ကြတဲ့ တမီလ်မူဆလင်တွေကိုအခြေခံ ဇာတ်လမ်းဖွဲ့ထားတာပါ။လူတိုင်း အဆင်မပြေလို့ နိုင်ငံခြားထွက် စီးပွားရှာနေကြပေမဲ့ ခေါင်းမာပြီး ယက်ကန်းလုပ်ငန်းပဲဆက်လုပ်နေတဲ့ မိဘတွေဆီကနေ မွေးဖွားလာတဲ့ အဘူ။ အဘူဟာ နီလိုဖာဆိုတဲ့ ငယ်သူငယ်ချင်းမလေးကို တဖက်သက်ချစ်နေသူဖြစ်ပြီး စက်မှုထွန်းကားမှုကြောင့် ရောက်ရတဲ့ လူလတ်တန်းစားဒုက္ခတွေကြားကနေ ငယ်သူငယ်ချင်းနှစ်ယောက်ကြားက လှလှပပအချစ်ဇာတ်လမ်းတစ်ခုကို မြင်တွေ့ခံစားကြရမှာပါ...။