ပန်ချာပီစကားပြော လျှို့ဝှက်ဆန်းကျယ် သည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။ညဘက်ရောက်ရင် ဘယ်သူမှ မသွားရဲအောင် ခြောက်ကပ်သွားပြီး သွားတဲ့သူပြန်မလာနိုင်ဘူးလို့နာမည်ကြီးတဲ့ လာဟူခီဒါဆိုတဲ့ ရွာပျက်တစ်ခု။ အဲဒီရွာအကြောင်း မယုံတဝက် ယုံတဝက်နဲ့ စုံစမ်းဖို့ရောက်လာတဲ့ သူငယ်ချင်းနှစ်ယောက် အဲဒီရွာထဲကို ခြေလှမ်းလှမ်းမိတဲ့အချိန်ကစပြီး မထင်မှတ်ထားတဲ့ ဖြစ်ရပ်ဆိုးတွေရင်ဆိုင်လာရတဲ့အခါ။အဲဒီရွာပျက်ကြီးရဲ့နောက်ကွယ်က လျှို့ဝှက်ချက်တွေ၊ နောက်ခံဇာတ်လမ်းတွေ၊ ထိတ်လန့်ဖွယ်ရာ အမှန်တရားတွေကို တွေ့လိုက်ရတဲ့အခါ... သူငယ်ချင်းနှစ်ယောက် ရွာရဲ့ အမှောင်ထုထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် ရုန်းကန်ကြိုးစားကြပုံတွေကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပါ...။