Dirty Rotten Scoundrels FHD

Dirty Rotten Scoundrels

Comedy Crime FHD 1988

ဇာတ်ညွှန်း ဂျေမီဆင်ဆိုတာ အဖွဲ့နဲ့ လိမ်တဲ့ လူလိမ်အကြီးစားဖြစ်ပါတယ်။ သာမန်လူတွေကိုလိမ်တာမဟုတ်ပဲ အိမ်ထောင်ရေးမှာ မသာယာတဲ့အမျိုးသမီးတွေ၊ ဖောက်ပြန်ဖို့ဝန်မလေးနဲ့ အမျိုးသမီးတွေကို ရွေးကာလိမ်လည်လှည့်ဖျားတဲ့လူတွေဖြစ်ပါတယ်။ တစ်ရက် ရထားပေါ်မှာ လူလိမ်ပေါက်စ ဖရက်ဒီနဲ့တွေ့ခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လည်း ရထားပေါ်ကနေခွဲပြီး ကိုယ်အလိုရှိရာ အရပ်ကိုဆက်သွားခဲ့ပါတယ်။ ဂျေမီဆင်ကတော့ ပြစ်သစ်ရာဗီယာမြို့ကိုသွားရမှာပေါ့လေ။ အဲဒီမှာက တခုလပ်တွေ၊ အိမ်ထောင်ရေးမသာယာတဲ့အမျိုးသမီးတွေ အများကြီးရှိနေတာမလို့ လိမ်လို့ကောင်းမယ့် နေရာကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီလိုနဲ့ ဂျေမီဆင်တို့အဖွဲ့လည်း ပထမဦးဆုံးသားကောင်ကို ရွေးချယ်ကာ လာမယ့်လမ်းမှာ ထိုင်စောင့်နေခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်း ရောက်လာတော့ ဂျေမီဆင်တစ်ယောက် တော်တော်လေးကို အံ့အားသင့်သွားပါတယ်။ ဘာလို့လဲဆိုတော့ သူရထားပေါ်မှာ မြင်လိုက်ရတဲ့ လူလိမ်ပေါက်စ ဖရက်ဒီက သူတို့လိမ်မယ့် အမျိုးသမီးရဲ့ ကားပေါ်မှာပါလာတာပါပဲ။ ကဲ ဒီလိုနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ခံစားကြည့်လိုက်ကြပါခင်ဗျာ။