တငွေ့ငွေ့နဲ့ ဆွဲခေါ်သွားမယ့် တမီလ်စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။ သဘာဝလွန်ကိစ္စတွေကိုမယုံကြည်ဘဲ လက်တွေ့မှ လက်ခံတတ်တဲ့ ဘာသာမဲ့ ဂရက်ဖစ်ဒီဇိုင်နာ ဗီဂ်နက်ရှ်။ ဗီဂ်နက်ရှ်ဟာ မြို့တက်ပြီးအလုပ်လုပ်ဖို့အတွက် အိမ်ငှားရှာရင်း အိမ်မရတဲ့အတွက် သရဲခြောက်တယ်လို့နာမည်ကြီးတဲ့ အိမ်ကြီးတစ်အိမ်ကို ဈေးသက်သက်သာသာနဲ့ငှားခဲ့ပါတယ်။ အဲဒီအိမ်ကြီးဟာ သရဲခြောက်ရုံတင်မကဘဲ အရင်က လူသ-တ်မှုတွေလည်းဖြစ်ခဲ့ဖူးတာပါ။ ဗီဂ်နက်ရှ်တစ်ယောက် အဲဒီအိမ်မှာနေရင်း ပုံမှန်မဟုတ်တာတွေ ဆက်တိုက်ကြုံလာရရင်း ရာဇဝတ်မှုကြီးတစ်ခုပါ ဖြစ်ပျက်သွားတဲ့အခါ...။