ဒိဇာတ်ကားလေးကတော့ IMDb rating 6.2အထိ ရရှိထားပြီး ရှာရွတ်ခန်းနဲ့ အီရ်ဖာန်းခန်းတို့ရဲ့ Musical/Drama အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ********************* အရမ်းနာမည်ကြီး မင်းသားတစ်ယောက်ဖြစ်တဲ့ ရှာဟိရ်ခန်း(ရှာရွတ်ခန်း)ဟာ ရွာလေးတစ်ရွာမှာ ရုပ်ရှင်ရိုက်ချင်တဲ့ စိတ်ကူးကို အကောင်အထည်ဖော်တဲ့အချိန်မှာ အဲ့ဒီရွာမှာရှိတဲ့ အဆင်းရဲဆုံး ဆံသဆရာ ဘိလ္လူး(အီဖာရ်န်းခန်း) နဲ့ သူငယ်ချင်းတွေဖြစ်တယ်ဆိုတဲ့ ကောလဟာကတဆင့် သူတို့ရဲ့လူနေမှုဘ၀ကိုပါ ရိုက်ခတ်မှုတွေကြုံလာရပါတော့တယ်။ တကယ်ပဲ သူတို့ကြားမှာ ဆက်နွယ်မှုတွေများ ရှိမလား။ ရုပ်ရှင်လာရိုက်ကြတဲ့အခါ ဘာတွေများ ဆက်ဖြစ်ကြမလဲဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောကြပါ။ Legendary ခန်း နှစ်ယောက်ဖြစ်ပြီး Musical/Drama အမျိုးအစားမို့လို့ ဘောလိဝုဒ် ပရိတ်သတ်တွေ လက်မလွှတ်သင့်ပါကြောင်း