အိန္ဒိယအစိုးရခန့်အပ်လိုက်တဲ့ ပထမဆုံး လက်မှတ်ရ အာဏာပါးကွက်သားမျိုးရိုးက ဆင်းသက်လာခဲ့တဲ့ အာဏာပါးကွက်သား ရှီဗိုင်ယာ။ လစာက တစ်လကို ရူပီးငါးထောင်ရပြီး ကြိုးမိန့်ချခံရတဲ့ အပြစ်သားပေါ်လာရင်တော့ တစ်ယောက်ကို နှစ်သောင်းခွဲနှုန်းရတဲ့ ကြိုးဆွဲချပေးရတဲ့ ရှီဗိုင်ယာ။ တစ်ည ရှီဗိုင်ယာတစ်ယောက် သားဖြစ်သူနဲ့ အပြင်သွားတုန်းမှာ ဆုံးသွားတဲ့ သမီးလေးနဲ့ရုပ်ချင်းဆင်တဲ့ မိန်းကလေးတယောက်နဲ့ ဆုံလို့ စိုက်ကြည့်နေခဲ့မိပါတယ်။ မိန်းကလေးကတော့ ရှီဗိုင်ယာရဲ့ မျက်နှာဆိုးကိုလန့်ပြီး ချစ်သူလက်ကိုဆွဲလို့ ဝေးရာထွက်သွားခဲ့ပါတယ်။ မိန်းကလေး ကံဆိုးချင်တော့ ချစ်သူနဲ့အတူ တက်လိုက်မိတဲ့ ဘတ်စ်ကားပေါ်မှာ လူယုတ်မာတစ်စုနဲ့ဆုံပြီး အသ-တ်ခံလိုက်ရပါတယ်။ မိန်းကလေးကို ရက်ရက်စက်စက်ပြုကျင့်ပြီး သ-တ်သွားကြတဲ့ တရားခံတစ်စု ရှီဗိုင်ယာရဲ့ ကြိုးစင်ဆီ ရောက်လာချိန်မှာတော့...။