Slightly New FHD

Slightly New

Comedy FHD 2024

Brandon နဲ့ Leo တို့ သူငယ်ချင်းနှစ်ယောက်က တရားမဝင် ကားအရောင်းအဝယ်လုပ်ငန်းမှာ အလုပ်လုပ်နေကြတဲ့ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ပေါ့။ဒါပေမဲ့ သူတို့ရဲ့သူဌေး ရုတ်တရက် အဖမ်းခံရပြီးတဲ့နောက်မှာ သူငယ်ချင်းနှစ်ယောက်က အလုပ်ကို အမွေရပြီး ပိုင်ရှင်သူဌေးတွေ ဖြစ်သွားကြတယ်။ဒါပေမဲ့ အဲ့ဒါက ကံကောင်းတဲ့ အလုပ်အမွေရတာမျိုး မဟုတ်ဘဲ ပျက်စီးနေတဲ့ လုပ်ငန်းကြီးကို ကယ်တင်ဖို့ တာဝန်က သူတို့ပုခုံးပေါ် ပိကျလာတဲ့ အမွေရတာမျိုးပါပဲ။အရောင်းအဝယ်လုပ်ငန်းကြီးက မြန်မြန်ဆန်ဆန် အရှုံးပေါ်နေသလို ဝန်ထမ်းတွေကလည်း နေ့လည်စာစားချိန် 2 နာရီကြာအောင် နားကြတယ်၊ အခွန်ကောက်တဲ့ IRS ကလည်း သူတို့ပိုက်ဆံကို လိုချင်နေကြပြီ၊ ကြွေးရှင်တွေကလည်း သူတို့ရဲ့အကြွေးကိုတောင်းဖို့ ဖုန်းတွေဆက်တိုက်ခေါ်နေကြတယ်။ဒါ့အပြင်ကိုမှ ပြိုင်ဘက် အရောင်းအဝယ်လုပ်ငန်းကလည်း သူတို့ကို ဖျက်ဆီးဖို့ ကြိုးစားနေကြပြီး မိန်းကလေးတွေနဲ့ ဆေးသုံးတာတွေက သူတို့သူငယ်ချင်းနှစ်ယောက်ကို အမြဲတမ်း အာရုံလွှဲဖို့ ရှိနေကြတဲ့အခါ ညတွင်းချင်း သူဌေးတွေအဖြစ်နဲ့ သူတို့ရဲ့လုပ်ငန်းကြီးကို ကယ်တင်ပြီး ရှင်သန်အောင် ဘယ်လိုတွေ ကြိုးစားကြမလဲဆိုတာကို ဟာသအလွဲမျိုးစုံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။