Sunshine FHD

Sunshine

Drama FHD 2025

ဒီစီးရီးလေးကတော့ Netflix ကနေ Streaming လုပ်ထားပြီး IMDb rating 7.4/10 ရရှိထားတဲ့ အားကစားနောက်ခံ ဒရာမာ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒါရိုက်တာ Antoinette Jadaone ရဲ့လက်ရာ ... Maris Racal ၊ Meryll Soriano နဲ့ Charm Miranda အပြင် နာမည်ကြီး သရုပ်ဆောင်များစွာ အားဖြည့်ပါဝင်ထားပါတယ်။ ဆုပေါင်း ၆ ခု ရရှိခဲ့ပြီး ဆန်ကာတင် ၇ ဆုထိ ဝင်ခဲ့တဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ကမ္ဘာ့ဂျွမ်းဘားချန်ပီယံပြိုင်ပွဲရမယ့် အချိန် ၂ လအလို ခြေစစ်ပွဲ ဝင်ရမယ့် အမျိုးသားလက်ရွေးစင် ဂျွမ်းဘားမယ်လေး၊ မထင်မှတ်ထားတဲ့ ကြုံလာရတဲ့ အခက်အခဲ အကျပ်အတည်းတွေ၊ ရုန်းကန်ရတာတွေ နဲ့ သူ့ဘဝအတွက် ရှင်းလင်းပြတ်သားနေတဲ့ ဘဝရည်မှန်းချက် အောင်မြင်ဖို့ နည်းလမ်းမျိုးစုံနဲ့ အားထုတ်ကြိုးပမ်းပုံကို ရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** ဆန်းရှိုင်းဟာ အာရှဂိမ်းတွေမှာ ရွှေတံဆိပ်ရထားတဲ့ အမျိုးသားလက်ရွေးစင် ဂျွမ်းဘားမယ်ဖြစ်ပါတယ်။ အသက် ၁၀ နှစ်ကျော်ကတည်းကနေ ဂျွမ်းဘားကို အထူးအားထုတ်ကြိုးပမ်းခဲ့ပြီး သူဟာ ဆီးဂိမ်းပွဲအတွက်ရော ကမ္ဘာ့ချန်ပီယံ ဂျွမ်းဘားခြေစစ်ပွဲအတွက်ရော လေ့ကျင့်ရေးကို နည်းပြနဲ့အတူ နေ့စဉ် ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ သူ ခြေစစ်ပွဲဝင်ဖို့ကလည်း ၂ လ လောက် ကျန်တော့တဲ့အချိန်မှာ သူ့မှာ ကိုယ်ဝန်ရှိနေမှန်း သိသွားခဲ့ပါတယ်။ ဘဝရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့ ဆန်းရှိုင်းဟာ တရားမဝင်နည်းလမ်းနဲ့ ကိုယ်ဝန်**ဖို့ ကြံစည်ပါတော့တယ်။ အဲဒီအချိန်မှာပဲ ထူးဆန်းတဲ့ကလေးမလေး ပေါ်လာပြီး သူ့နောက်ကို တစ်ကောက်ကောက် လိုက်ပါနေခဲ့ပါတယ်။ အဲဒီကလေးမလေးဟာ အံ့ဩစရာ ကောင်းလောက်အောင်ကို သူ့အတွေးကို ဖတ်နိုင်တဲ့သူလို ဆန်းရှိုင်းလုပ်တော့မယ့်အရာတွေကို လိုက်လံ ပြောကြားနေခဲ့ပါတယ်။ ဒီလိုနဲ့ ဆန်းရှိုင်းဟာ .. အမေတစ်ယောက်ဖြစ်ဖို့ထက် ကမ္ဘာ့ဂျွမ်းဘားချန်ပီယံဖြစ်ချင်တဲ့ ရှင်းလင်းပြတ်သားတဲ့ သူ့ဘဝရည်မှန်းချက်ကို သူ တကယ်ရော ပြည့်ဝအောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ...