Star Wars ပရိသတ်တွေ အချစ်တော် ကြေးစားမုဆိုး Din Djarin (Mando) နဲ့ ချစ်စရာ Grogu တို့ရဲ့ စွန့်စားခန်းတွေကို Disney+ စီးရီးကနေ ရုပ်ရှင်ဖန်သားပြင်ကြီးပေါ် အသက်သွင်းလာတဲ့ ကားပါ။ဇာတ်လမ်းကတော့ အင်ပါယာကြီး ပြိုကွဲသွားပေမဲ့ ဂလက်ဆီအနှံ့မှာ ပုန်းအောင်းကျန်ရစ်နေသေးတဲ့ အင်ပါယာ စစ်ဘုရင် (Imperial warlords) တွေကို ရှင်းလင်းဖို့ New Republic ဘက်က Mando ကို အကူအညီတောင်းရာကနေ စတာပါ။ Mando တစ်ယောက် Grogu လေးကို ခေါ်ပြီး အန္တရာယ်များတဲ့ မစ်ရှင်တွေကို ဘယ်လို ဖြတ်ကျော်မလဲဆိုတာ ရင်ခုန်စရာ ကြည့်ရမှာပါ။ ဖခင်တစ်ယောက်လို ဖြစ်နေတဲ့ Mando နဲ့ သားလေး Grogu တို့ရဲ့ သံယောဇဉ်ကို အက်ရှင်ခန်း မိုက်မိုက်တွေ၊ အထူးပြုလုပ်ချက် အလန်းစားတွေနဲ့ ပေါင်းစပ်ထားတာမို့ ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ကားမျိုးပါပဲ။ 2019: The Mandalorian Season 1Mando ဟာ ဆုကြေးစားမစ်ရှင်တစ်ခုမှာ Grogu (The Child) ကို စတင်တွေ့ရှိခဲ့ပြီး အပ်မယ့်အစား ကိုယ်တိုင် ကာကွယ်စောင့်ရှောက်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။2020: The Mandalorian Season 2Grogu ကို လေ့ကျင့်ပေးနိုင်မယ့် Jedi တွေဆီ အရောက်ပို့ပေးဖို့ ကြိုးစားရင်း နောက်ဆုံးမှာ Luke Skywalker နဲ့ ထည့်ပေးလိုက်ရပါတယ်။ 2022: The Book of Boba FetJedi လမ်းစဉ်ကို ဆက်မလျှောက်ဖို့ ဆုံးဖြတ်ပြီး Grogu တစ်ယောက် Mando ဆီကို ပြန်လာခဲ့ကာ သားအဖ ပြန်ဆုံခဲ့ကြပါတယ်။2023: The Mandalorian Season 3Mandalore ဂြိုဟ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး Mando က Grogu ကို တရားဝင် မွေးစားကာ Din Grogu လို့ အမည်ပေးခဲ့ပါတယ်။2026: The Mandalorian & GroguNew Republic နဲ့ လက်တွဲပြီး ကျန်ရစ်တဲ့ အင်ပါယာအကြွင်းအကျန်တွေကို လိုက်လံနှိမ်နင်းမယ့် သူတို့သားအဖရဲ့ ရုပ်ရှင်ဖန်သားပြင်ပေါ်က စွန့်စားခန်းအသစ် စတင်ပါပြီ။