အလုပ်ဟူသမျှဂုဏ်ရှိစွဆိုပေမယ့်လည်း အလုပ်မရှိဘူးဆိုရင်အင်မတန်မှမျက်နှာငယ်ရပါတယ်။ မိသားစုဝင်တွေထဲမှာရော၊ သူငယ်ချင်းအချင်းချင်းမှာရော၊ လူမှုအသိုင်းအဝိုင်းမှာ အနှိမ်ခံရတတ်ပါတယ်။ အဲ့ထဲမှာ ရှီဗာဆိုသူကတော့ အဲ့ဒီလောကရဲ့သားကောင်ပဲပေါ့၊ ရှီဗာဟာ ၂ ၅ နှစ်လုံးလုံးအဖေဖြစ်သူနားကပ်စားနေတဲ့ အလုပ်လက်မဲ့ပါ။ နောက်ဆုံးအလုပ်မရှိပေမယ့်လည်း ကံကောင်းထောက်မစွာနဲ့ မိန်းမရသွားတော့လည်း မိန်းမလုပ်စာထိုင်စားနေရပြန်ပါတယ်။ မိန်းမထမိန်နားခိုစားတဲ့ကောင်ဆိုပြီး လူမှုအသိုင်းအဝိုင်းကပါကျဉ်ခံလာရတဲ့အချိန်မှာ ရှီဗာတစ်ယောက် အလုပ်လက်မဲ့ဘ၀ကနေ လွတ်မြောက်ဖို့ကြိုးစားခဲ့ပါတော့တယ်။ သူအလုပ်လက်မဲ့ဘဝကနေလွတ်မြောက်နိုင်ပါ့မလား၊ ကြာလို့ မိန်းမဖြစ်သူကလည်း ငြိုငြင်ချင်လာတဲ့အခါ ဘာတွေဆက်ဖြစ်မယ်ဆိုတာတော့ ဆက်လက်ကြည့်ရှုပြီး အဖြေရှာလိုက်ကြရအောင်ပါ…