Colors of Evil: Black FHD

Colors of Evil: Black

Netflix မှာ အောင်မြင်ခဲ့တဲ့ ပိုလန်မှုခင်းရုပ်ရှင် "Colors of Evil: Red" ရဲ့ အဆက်ဖြစ်တဲ့ "Colors of Evil: Black" ဟာ ပထမကားထက် ပို dark ဖြစ်ပြီး ပိုစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါရိုက်တာ Adrian Panek ရိုက်ကူးထားပြီး အရင်ကားက အစိုးရရှေ့နေ Leopold Bilski နေရာမှာ မင်းသား Jakub Gierszał ကပဲ ပြန်လည်ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Kartuzy ဆိုတဲ့ မြို့ငယ်လေးမှာ ကလေးတစ်ယောက် သဲလွန်စမရှိ ပျောက်ဆုံးသွားရာကနေ ဇာတ်လမ်းစတင်ပါတယ်။ ဒီအမှုကို ကိုင်တွယ်ဖို့ အစိုးရရှေ့နေ Bilski နဲ့ လက်ထောက်ဖြစ်သူ Ania တို့ ရောက်ရှိလာပါတယ်။ သူတို့ရဲ့ စုံစမ်းမှုတွေ နက်ရှိုင်းလာတဲ့အခါ ဒီဖြစ်ရပ်ဟာ အရင်က ပျောက်ဆုံးမှုတွေနဲ့ ဆက်စပ်နေကြောင်း တွေ့လာရပါတယ်။ ဒါပေမဲ့ မြို့ခံတွေကတော့ အမှန်တရားကို ဖော်ထုတ်မယ့်အစား နှုတ်ဆိတ်နေဖို့ကိုသာ ရွေးချယ်ထားတဲ့အခါ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ တရားခံဘယ်သူလဲဆိုတာကို ဇာတ်လမ်းအစပိုင်းမှာတင် ခန့်မှန်းရလွယ်နိုင်ပေမဲ့၊ ဇာတ်ကားက ပေးစွမ်းတဲ့ စိတ်ခံစားမှုနဲ့ dark ဖြစ်တဲ့ အငွေ့အသက်တွေက ကြည့်ပြီးသွားရင်တောင် စိတ်ထဲစွဲကျန်နေစေမှာပါ။ "Colors of Evil: Red" ကို သဘောကျခဲ့သူ ဒါမှမဟုတ် Dark ဘက်ကိုသွားတဲ့ မှုခင်းစုံထောက် (Dark Crime Thriller) ကောင်းကောင်း ကြိုက်နှစ်သက်သူဆိုရင်တော့ မဖြစ်မနေ ကြည့်သင့်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။