ဒီကားက Ryan Gosling ကို Ryan Gosling ရယ်လို့ ဖြစ်လာစေတဲ့ ရုပ်ရှင်တစ်ခုလို့ဆိုရပါမယ်။ ၂၀၀၁ ဆိုတော့ Ryan Gosling တောင်တော်တော်လေးကို ငယ်ပါသေးတယ်။ ဇာတ်ညွှန်း ဒန်နီက နာဇီတစ်ယောက်၊ လူမျိုးရေးခွဲခြားတဲ့ အစွန်းရောက်တစ်ယောက်ဖြစ်ပါတယ်။ဂျူးဆို အသံကြားတာနဲ့မုန်းတဲ့လူတစ်ယောက်။ ဒါပေမဲ့ ထူးဆန်းတာက သူကိုယ်တိုင်ကလည်း ဂျူးတစ်ယောက်ဖြစ်နေတာပါပဲ။ဆိုတော့ ဘာတွေဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကိုခံစားကြည့်လိုက်ကြပါ။