ဒီဇာတ်ကားကတော့ လူ့အဖွဲအစည်းရဲ့ နောက်ကွယ်က ငွေကြေးနဲ့ မူးယစ်ဆေးဝါးတွေကြား ရုန်းကန်နေရတဲ့ မိန်းကလေးတစ်ဦးရဲ့ ဘဝအခြေအနေကို သည်းထိတ်ရင်ဖို ရိုက်ကူးထားတဲ့ရာဇဝတ်မှုဒရာမာ ဇာတ်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း "ဂျိုဒီ" ဆိုတဲ့ မိန်းကလေးဟာ ကလေးငယ်တစ်ယောက်နဲ့အတူ အမျိုးသားတစ်ဦးရဲ့ ချုပ်ကိုင်မှုအောက်မှာ နေနေရသူဖြစ်ပါတယ်။ ထိုသူဟာ သူမကို ငွေကြေးရဖိုအတွက် ကုန်ကားသမာတွေ၊ အပန်းဖြေဖိုလာတဲ့ အမျိုးသားတွေဆီမှာ ပိုက်ဆံရှာခိုင်းပြီး အမြတ်ထုတ်တတ်သူပါ။ တစ်နေ့မှာတော့ အမျိုးသားတစ်ယောက်နဲ့ ဂျိုဒီတစ်ယောက် ဆုံတွေ့ဖို ဖြစ်လာခဲ့ပါတယ်။ အဲဒီအမျိုးသားဟာ သာမန်လူတစ်ယောက်လို ထင်ရပေမဲ့ သူ့ရဲ့နောက်ကွယ်မှာ လျှိဝှက်ချကတွေ ရှိနေပြီး ဂျိုဒီတစ်ယောက် ထိတ်လန့်စရာ အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ မူးယစ်ဆေးနဲ့ သားကောင်လို လိုက်လံဖမ်းဆီးတတ်တဲ့ စရိုက်တွေကြားထဲမှာ ဂျိုဒီတစ်ယောက် ဘယ်လိုမျိုး အသက်ဘေးကနေ လွတ်မြောက်အောင် ကြိုးစားသွားမလဲဆိုတာကိုတော့ အတူစောင့်ကြည့်လိုက်ရအောင်