The Bird Is Calling FHD

The Bird Is Calling

ဒီလျှို့ဝှက်ဆန်းကြယ် ဂျပန်ရုပ်ရှင်ကားလေးကတော့ ၂၀၂၅ ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး မင်းသား Koshi Mizukami ရယ် မင်းသမီး Mizuki Yamashita တို့ ဦးဆောင်ပါဝင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့.... ယူဂျီနဲ့ ယူရီကိုတို့ဟာ လက်ထပ်ထားပြီး တောနယ်လေးမှာ အေးအေးဆေးဆေး နေထိုင်လျက်ရှိကြပါတယ်။ တစ်ရက်တော့ သူတို့ ဘိုးဘွားအုတ်ဂူတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးထားတာကို သိရပြီးတဲ့အပြင် စစ်အတွင်းမှာ ကျဆုံးခဲ့တဲ့ အဘိုးလေးဖြစ်သူရဲ့ ဒိုင်ယာရီမှတ်တမ်းကိုပါ ရရှိလာခဲ့ပါတယ်။ ဒီ ဒိုင်ယာရီမှတ်တမ်းထဲမှာ အဘိုးလေးဖြစ်သူ ဆာဒါအိချိရဲ့ တောတွင်းအသက်ရှင်သန်ရေး ဖြတ်သန်းမှုတွေအပြင် ထူးထူးခြားခြားအနေနဲ့ မီးစားငှက်ကို တွေ့ရှိခဲ့ပြီး ဒီ မီးစားငှက်ကို စားချင်တယ်ဆိုတဲ့ စာသားက ထူးဆန်းလို့နေခဲ့ပါတယ်။ အဲဒါတွေအပြင် ယူဂျီတို့ ဇနီးမောင်နှံလည်း ဒီ ဒိုင်ယာရီစာအုပ်ကို တွေ့ပြီးတဲ့နောက်မှ ထူးဆန်းတဲ့အဖြစ်အပျက်များကို ကြုံဆုံလာပြီး ဘဝတွေ ကမောက်ကမဖြစ်လာတဲ့အချိန်မှာတော့.....။