In Secret FHD

In Secret

ဒီတစ်ခါမှာတော့ လူသားတွေရဲ့ တားမြစ်ထားတဲ့ အချစ်၊ ရမ္မက်နဲ့ အဲဒီနောက်ကွယ်က လိုက်ပါလာတဲ့ အပြစ်ရှိစိတ်တွေအကြောင်းကို အမှောင်ဘက်ခြမ်းကနေရိုက်ပြထားတဲ့ "In Secret" ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားလေးထဲမှာတော့ ပြင်သစ်နိုင်ငံရဲ့ ၁၈၆၀ ဝန်းကျင်ကာလကို ရိုက်ကူးပြသထားတာဆိုတော့ ပုံမှန်နဲ့မတူတဲ့အငွေ့အသက်တွေကို ခံစားရမှာပါ။ ဇာတ်လမ်းလေးကတော့ မိဘမဲ့မိန်းကလေး တရက်စ် က သူမရဲ့အဒေါ်ဖြစ်သူ စီစဉ်ပေးတာကြောင့် ကျန်းမာရေးမကောင်းတဲ့ ဝမ်းကွဲမောင်ဖြစ်သူနဲ့ အချစ်မပါဘဲ အတင်းအကျပ် လက်ထပ်လိုက်ရတာကနေ စတင်ခဲ့တာပါ။ ပျင်းရိငြီးငွေ့စရာကောင်းတဲ့ ဘဝထဲမှာ ပိတ်မိနေတဲ့သူမက သူမခင်ပွန်းရဲ့ သူငယ်ချင်းဖြစ်သူ လောရန့် နဲ့ တွေ့ဆုံမိတဲ့အခါမှာတော့ ထိန်းချုပ်လို့မရတဲ့ သာယာမှုတွေနောက်ကို ပါသွားပါတော့တယ်။ ဒါပေမဲ့ အဲ့ဒီတားမြစ်ထားတဲ့ အချစ်ကနေတစ်ဆင့် သူတို့ကျူးလွန်မိလိုက်တဲ့ အမှားတစ်ခုဟာ သူတို့ရဲ့ဘဝတွေကို ဘယ်လိုမျိုးငရဲကျနိုင်တဲ့အထိ လွတ်လမ်းမရှိဘဲ ပိတ်လှောင်နေမလဲဆိုတာ ရိုက်ပြထားတာပါ။ ဇာတ်လမ်းရဲ့ ထူးခြားချက်ကတော့ ဇာတ်ကောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုန်းကန်ရမှုတွေကို ပီပီပြင်ပြင် ပုံဖော်ထားတာပါပဲ။ အထူးသဖြင့် ရမ္မက်တစ်ခုကြောင့် အမှားတစ်ခုကို ကျူးလွန်ပြီးတဲ့နောက်မှာ ရရှိလာတဲ့ လွတ်လပ်မှုက ပျော်ရွှင်စရာမဖြစ်ဘဲ ကြောက်ရွံ့မှုနဲ့ အပြစ်ရှိစိတ်တွေက သူတို့ကို ဘယ်လိုမျိုး တဖြည်းဖြည်း ဝါးမြိုသွားလဲဆိုတာကို ပညာသားပါပါ ရိုက်ပြထားပါသေးတယ်။ ဆိုတော့..Drama ကားကောင်းတွေကိုမှ ခပ်မှောင်မှောင် vibe မျိုးနဲ့ ဇာတ်ကောင်တွေရဲ့ စိတ်ကစားပုံကို အသေးစိတ်ကြည့်ချင်တဲ့သူတွေအတွက်တော့ ဒီကားလေးက တကယ်ကြည့်ကောင်းစေမယ့်ဇာတ်ကားလေးတစ်ကား ဖြစ်ဦးမှာပါနော်။