You Can't Win FHD

You Can't Win

Drama FHD 2026

ဒီဇာတ်လမ်းက Jack Black ( နာမည်အရင်းကိုတော့ ဘယ်သူမှမသိတဲ့ စာရေးဆရာရဲ့ ကလောင်အမည် ) ရဲ့ 1926 ကိုယ်ရေးအထုပတ္တိ မှတ်တမ်းတင်စာအုပ်ကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဒီစာအုပ်မှာ Jack ရဲ့ 19 ရာစုနှောင်းပိုင်းနဲ့ 20 ရာစုအစောပိုင်းကာလအတွင်း နှစ် ၃၀ ကြာ သူကျင်လည်ခဲ့တဲ့ US နဲ့ ကနေဒါတစ်လျှောက် ရာဇဝတ်လောကရဲ့ သူ့ရဲ့ကိုယ်တွေ့ အတွေ့အကြုံတွေကို ရေးထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းJack က Yegg တစ်ယောက်ပဲ ဖြစ်တယ်။Yegg ဆိုတာက သာမန်သူခိုးဓားပြတွေလို မဟုတ်ဘဲ မီးခံသေတ္တာတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖောက်နိုင်တဲ့ ရာဇဝတ်သားတွေထဲက အဆင့်အမြင့်ဆုံး professional အလုပ်တစ်ခုပေါ့။သူက US အနောက်ပိုင်းနဲ့ ကနေဒါတစ်လျှောက် ရဲတွေမမိအောင် အိမ်ခြေမဲ့တစ်ယောက်လို ရထားတွေ လိုက်စီးပြီး အခြေတကျမနေဘဲ အမြဲတမ်းခရီးထွက်နေတဲ့သူ ဖြစ်တယ်။ ဒီဇာတ်လမ်းက သူ့ရဲ့ ရာဇဝတ်သားဘဝ၊ တရားမဝင်လုပ်ငန်းတွေ၊ ဆေးစွဲတာ‌တွေ၊ သူတိုဒေသရဲ့ ရာဇဝတ်ပိုင်းဆိုင်ရာ တရားရေးစနစ်နဲ့ သူ့ရဲ့ ထောင်ဒဏ်ကျချိန်အတွင်း ကာလတွေကို အစစ်အမှန်အတိုင်း ရိုက်ပြထားပြီး Jack ရဲ့ ရာဇဝတ်သားအဖြစ်ကနေ လူကောင်းတစ်ယောက် ဖြစ်လာအောင် သူ့ဘဝကို ပြောင်းလဲနိုင်မလားဆိုတာကို သူနဲ့အတူ အဖြေရှာကြည့်ရမှာပဲဖြစ်ပါတယ်။