Human Resource HD

Human Resource

Drama HD 2026

"ကုမ္ပဏီအတွက် လူသစ်ရွေးပေးရတဲ့ HR တစ်ယောက်က... ကိုယ့်ဗိုက်ထဲက 'လူသစ်လေး' အတွက်ကျတော့ ဘယ်လို ဆုံးဖြတ်ချက်ချမလဲ..." Thai Drama ကောင်းကောင်းလေးတွေမှ ကြည့်ချင်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက် အလုပ်ခွင်နဲ့ ဘဝအမောတွေကို ထိထိမိမိ ရိုက်ပြထားတဲ့ Slice-of-life ရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကတော့ ပရိသတ်တွေ အရင်းနှီးဆုံးဖြစ်တဲ့ "Happy Old Year", "Fast & Feel Love" နဲ့ "Heart Attack" တိုလို နာမည်ကြီး ဇာတ်ကားတွေကို ဖန်တီးခဲ့တဲ့ ဆရာကြီး ဒါရိုက်တာ Nawapol Thamrongrattanarit ရဲ့ ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက် အသစ်စက်စက် လက်ရာလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဖရန် ဆိုတဲ့ မိန်းကလေးအကြောင်းပါ။ သူက စိန်ခေါ်မှုတွေ၊ ဖိအားတွေ အရမ်းများတဲ့ ကုမ္ပဏီတစ်ခုမှာ HR ဝန်ထမ်းအဖြစ် အလုပ်လုပ်နေသူပါ။ သူ့ရဲ့ နေ့စဉ်အလုပ်ကတော့ ကုမ္ပဏီအတွက် အလားအလာရှိတဲ့ လူငယ်အလုပ်သင်လေးတွေကို အင်တာဗျူးပြီး ရွေးချယ်ပေးရတာပေါ့။ ဒါပေမဲ့ ဖရန်ရဲ့ ကိုယ်ပိုင်ဘဝမှာတော့ ဘယ်သူမှမသိသေးတဲ့ လျှိဝှက်ချက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သူ့မှာ ကိုယ်ဝန် (၁) လ လွယ်ထားရတာပါပဲ။ စီးပွားရေးကြပ်တည်းပြီး အရာရာ ခက်ခဲနေတဲ့ အခြေအနေဆိုးကြီးထဲမှာ... ကုမ္ပဏီရဲ့ အလုပ်ဖိအားတွေ၊ HR တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကြား ရုန်းကန်နေရတဲ့ ဖရန်တစ်ယောက် ဒီရင်သွေးလေးကို ဆက်ထားသင့်၊ မထားသင့်ဆိုတဲ့ လွန်ဆွဲမှုတွေကြားမှာ ဘယ်လိုတွေ ရင်ဆိုင်ဖြတ်သန်းမလဲဆိုတာကို ရင်နင့်ဖွယ် ကြည့်ရှုရမှာပါ။ Nawapol ရဲ့ ထုံးစံအတိုင်း လူငယ်တွေရဲ့ ဘဝအမောတွေ၊ ရုံးဝန်ထမ်းတွေရဲ့ ရုန်းကန်ရမှုတွေကို အပိုအလိုမရှိ သဘာဝကျကျ ရိုက်ပြထားတာမို... ရုံးမှာ စိတ်ညစ်စရာတွေကြုံနေရတဲ့ Working Adult တွေ၊ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိုယ်ချင်းစာပြီး မျက်ရည်ဝဲရမယ့် ကားကောင်းလေးမို လက်မလွတ်တမ်း ရှုစားလိုက်ကြပါဦးနော်။