ဒီတစ်ခေါက် ဇာတ်ကားလေးကတော့ The Legend of Hei II (2025) ဇာတ်ကားလေးဖြစ်ပါတယ်။ပထမကားရဲ့ အောင်မြင်မှုအပြီးမှာ ပရိသတ်တွေ အမျှော်လင့်ရဆုံး အန်နီမေးရှင်းကားတစ်ကား ဖြစ်ပါတယ်။ အခု ဒုတိယတွဲမှာတော့ ဇာတ်လမ်းက ပိုမိုကျယ်ပြန့်လာပြီး စိတ်ဝင်စားစရာ အပြောင်းအလဲတွေ အများကြီး ပါဝင်လာပါတယ်။ ဒီဒုတိယတွဲမှာတော့ အဓိကဇာတ်ကောင် ရှောင်ဟေးဟာ သူ့ရဲ့ ဆရာတူအစ်မဖြစ်သူ လုယယ်နဲ့အတူ ပိုမိုကြီးမားတဲ့ စွန့်စားခန်းထဲကို ရောက်ရှိသွားပါတယ်။ ပထမကားမှာ ရှောင်ဟေးဟာ လူသားနဲ့ မိစ္ဆာလောကကြားမှာ နေရာတစ်ခု ရှာတွေ့ခဲ့ပေမဲ့ အခု ဒုတိယတွဲမှာတော့ သူတို့ရဲ့မျိုးနွယ်စုနောက်ကွယ်က ရေရှည်ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာပါတယ်။ ရှောင်ဟေးနဲ့ လုယယ်တို့က အဲဒီလျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့အတွက် ခရီးရှည်ကြီးတစ်ခုကို ထွက်ခွာခဲ့ကြပါတယ်။ သူတို့ရဲ့ခရီးစဉ်အတွင်းမှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ကြုံတွေ့ရပါတယ်။ ရှောင်ဟေးရဲ့ စွမ်းအားတွေက ဘယ်ကနေ မြစ်ဖျားခံသလဲဆိုတာနဲ့ မိစ္ဆာလောကရဲ့ တည်ရှိမှုဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခုနဲ့ ရင်ဆိုင်နေရတာကို သိရှိသွားကြပါတယ်။ ရှောင်ဟေးနဲ့ လုယယ်တို့ကြားက ခိုင်မာတဲ့ သံယောဇဉ်ကို မြင်တွေ့ရပြီး သူတို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ကာကွယ်ရင်း အခက်အခဲတွေကို အတူတူ ကျော်ဖြတ်ပြီး သူတို့ရှာဖွေနေတဲ့ "အမှန်တရား" ကို အရောက်လှမ်းနိုင်မလားဆိုတာ...... ဒီဇာတ်ကားက ပထမကားထက် ပိုပြီး ဇာတ်အိမ်နက်နက်ရှိုင်းရှိုင်းနဲ့ ရိုက်ကူးထားတာမို့ ပရိသတ်တွေအတွက် တကယ့်ကို အကြိုက်တွေ့စေမှာ အမှန်ပါ နောက်ပြီး Imdbမှာ 8/10ရရှိထားတာမို့ ညွှန်းစရာမလိုအောင် ကောင်းနေပြီးသား ဖြစ်ပါတယ်။ ကဲ အန်နီမေးရှင်း ချစ်သူတွေနဲ့ စွန့်စားခန်းတွေကိုမှ ကြိုက်တဲ့ ရုပ်ရှင် ချစ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးမို့ အခုပဲ ကြည့်ရှုလိုက်ပါနော်။