If You Have Lemons FHD

If You Have Lemons

Drama FHD 2025

ဇာတ်လမ်းကတော့ အသင်းတော်ရဲ့ သိက္ခာတော်ရဆရာတော် James Walters နဲ့ ဇနီးဖြစ်သူ Jessicaတို့ ဇနီးမောင်နှံအကြောင်းပါ။ သူတို့ရဲ့ ဘုရားကျောင်းဟာ အကြွေးတွေတင်နေပြီး အသင်းသူအသင်းသားတွေလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာတဲ့အတွက် ပြိုလဲလုနီးပါး အခြေအနေကို ရောက်နေပါတယ်။ ဒါပေမဲ့ James ကတော့ ဒီပြဿနာရဲ့ အတိမ်အနက်ကို သူ့ဇနီးကို အသိမပေးဘဲ တစ်ဦးတည်း ကြိတ်ဖြေရှင်းဖို့ ကြိုးစားရင်းနဲ့ ဘုရားကျောင်းကို ပိုပြီး အန္တရာယ်ရှိတဲ့ အခြေအနေထဲကို တွန်းပို့လိုက်သလို ဖြစ်သွားပါတယ်။ဒီအချိန်မှာပဲ Jessica ရဲ့ ဝမ်းကွဲဖြစ်သူ Jean ဟာ အခွင့်အရေးတစ်ခုကို မထင်မှတ်ဘဲ ရှာတွေ့သွားခဲ့ပါတယ်။ အဲဒီအခွင့်အရေးကနေတစ်ဆင့် Jessica ရဲ့ ဘဝကို ဘယ်လိုမျိုး ထိန်းချုပ်မရအောင် ပြောင်းလဲသွားစေမလဲ၊ သူတို့ရဲ့ ယုံကြည်ခြင်းက ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမဲ့ Faith-based Drama / Thriller ကားတိုလေးတစ်ကားပါ။