Group Therapy FHD

Group Therapy

Documentary FHD 2024

လူရွှင်တော် (Comedians) တွေရဲ့ ဘဝနောက်ကွယ်က စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောစရာရော၊ တွေးတောစရာပါ ရောထွေးရိုက်ကူးထားတဲ့ Documentary ကားကောင်းတစ်ကားဖြစ်ပါတယ်။ဒီဇာတ်ကားမှာ နာမည်ကျော် လူရွှင်တော်တွေဖြစ်ကြတဲ့ Mike Birbiglia, Nicole Byer, Tig Notaro နဲ့ Atsuko Okatsuka တို့လို ထိပ်တန်းအနုပညာရှင် ၆ ယောက်ဟာ စုပေါင်းစကားဝိုင်း (Group Therapy) တစ်ခုမှာ ဆုံတွေ့ခဲ့ကြပါတယ်။ သူတို့ဟာ စင်ပေါ်မှာ လူတွေကို ရယ်မောအောင် လုပ်ပေးနေရပေမဲ့ သူတို့ကိုယ်တိုင် ကြုံတွေ့နေရတဲ့ စိတ်ကျရောဂါ (Depression)၊ စိုးရိမ်ပူပန်မှု (Anxiety) နဲ့ ဘဝရဲ့ ဆုံးရှုံးမှုတွေအကြောင်းကို ပထမဆုံးအကြိမ် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတာပါ။ဒါရိုက်တာ Neil Berkeley က စိတ်ကျန်းမာရေး (Mental Health) ဆိုတဲ့ လေးနက်တဲ့ အကြောင်းအရာကို လူရွှင်တော်တွေရဲ့ ဟာသအမြင်တွေနဲ့ ပေါင်းစပ်ပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် တင်ဆက်ထားတဲ့ စကားဝိုင်းလေးတစ်ခုပါ။