Wardriver FHD

Wardriver

Crime Thriller FHD 2026

ကိုးလ်က ကားတစ်စီးနဲ့လှည့်ပတ်မောင်းရင်း Wifi ကွန်ယက်တွေကိုဟက်ခ်ပြီး ငွေခိုးတဲ့ Wardriving အလုပ်ကိုလုပ်ပါတယ်။တစ်နေ့တော့ ဒုစရိုက်သမား အော်စကာက ကိုးလ်ရဲ့အရည်အချင်းကိုသိသွားပြီး လူချမ်းသာအမျိုးသမီးလို့ထင်ရတဲ့ ဆာရာရဲ့ဘဏ်အကောင့်ကို ခြိမ်းခြောက်‌ပြီး ဟက်ခ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ဆာရာဟာ အဲ့ဒီငွေတွေကို ခဏထိန်းသိမ်းပေးရသူသာဖြစ်ပြီး သူ့ရဲ့ခိုးယူမှုကြောင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံနေရကြောင်း၊ ငွေတွေကို တကယ်တမ်းပိုင်ဆိုင်သူတွေက ကြောက်စရာရက်စက်ကြမ်းကြုတ်လှတဲ့ မာဖီးယားဂိုဏ်းသားတွေဖြစ်ကြောင်းသိလိုက်ရတဲ့အခါမှာတော့ ဆာရာ့အပေါ် ဂရုဏာစိတ်တွေယိုဖိတ်သွားတဲ့ ကိုးလ်ဟာ သူတတ်တဲ့ပညာနဲ့ သေနတ်တွေ၊ အန္တရာယ်တွေ၊ သစ္စာဖောက်မှုတွေကြားကနေ ဆာရာနဲ့သူကိုယ်တိုင်ကိုပါ ကယ်တင်ဖို့ကြိုးစားရပါတော့တယ်။Wardriver ဟာဇာတ်လမ်းရိုးရှင်းသယောင်ထင်ရပေမယ့် မဆိုးလှတဲ့ လှည့်ကွက်တွေနဲ့ လက်တွေ့ဆန်တဲ့ Cyber-Thriller တစ်ကားပါ။ ဟက်ကာကြီး ကိုးလ်အဖြစ် Dane DeHaan နဲ့ ဂရုဏာသက်ချင်စရာ ဆာရာလေးအဖြစ် စူပါဂဲလ်တစ်ဖြစ်လဲ Sasha Calle တို့က Chemistry မိမိပါဝင်ထားပါတယ်။