Crime 101 FHD

Crime 101

Crime Thriller FHD 2026

Thor မင်းသားနဲ့ Hulk မင်းသားတို့ရဲ့ ဓားပြရုပ်ရှင်အသစ် လာပါပြီ။ ဇာတ်လမ်းအကျဉ်းဇာတ်လမ်းအစမှာတင် ရဲတွေတောင် ခေါင်းကိုက်သွားလောက်အောင် ပြောင်မြောက်တဲ့ ရတနာလုယက်မှုတွေနဲ့အတူ Mike တစ်ယောက် လော့စ်အိန်ဂျလိစ်ကို မွှေနှောကနေတာကို မြင်တွေ့ရမှာပါ။ အဓိက ပဋိပက္ခကတော့ Mike ဟာ သူ့ရဲ့ နောက်ဆုံးပွဲသိမ်း အကြံအစည်ကြီးအတွက် အာမခံပွဲစား Sharon နဲ့ ပူးပေါင်းလိုက်ချိန်မှာ၊ တစ်ဖကကလည်း စုံထောက်ကြီး Lou က အနီးကပ် ခြေရာခံမိလာတာပါပဲ။ ဇာတ်လမ်းက တဖြောင့်တည်း ပုံစံမျိုးနဲ့ပဲ သွားပေမယ့် ဖမ်းသူနဲ့ ပြေးသူကြားက အကြိတ်အနယ် ပြိုင်ဆိုင်ရတဲ့ ပြေးတမ်းလိုက်တမ်း ကစားပွဲကို ဖြည်းဖြည်းချင်း အရှိန်ယတဲ့ (Slow-burn) ပုံစံမျိုးနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။ဒီကားက အက်ရှင်ကားဆိုပေမယ့် သွေးထွက်သံယို အရမ်းများတာမျိုး မဟုတ်ဘဲ ဦးနှောက်စားရတဲ့ မှုခင်းကားမျိုး ဖြစ်လို့ စိတ်အေးလက်အေး ကြည့်လို့ရပါတယ်။ "Crime 101" ရဲ့ အဓိက အချက်ကတော့ Chris Hemsworth နဲ့ Mark Ruffalo တို့လို နာမည်ကြီး သရုပ်ဆောင်ကြီးတွေရဲ့ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ကြည့်ရှုသူကို ရင်တမမ ဖြစ်စေမယ့် ဇာတ်လမ်းအချိတ်အဆက်တွေပါပဲ။ ဦးနှောက်သုံးရတဲ့ (Heist/Crime Thriller) ဇာတ်ကားကောင်းတွေကို နှစ်သက်သူတွေ၊ ပြေးတမ်းလိုက်တမ်း စုံထောက်ကားတွေကို သဘောကျတဲ့ ပရိသတ်တွေ လုံးဝ အကြိုက်တွေ့စေမယ့် ဇာတ်ကားပါ။ အကြိတ်အနယ် အားပြိုင်မှုတွေပါဝင်တဲ့ မှုခင်းဇာတ်ကားကောင်း တစ်ကားကို ရှာဖွေနေတယ်ဆိုရင်တော့ ဒီကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုဖို့ အကြံပြုချင်ပါတယ်။