47 နှစ် သက်တမ်းရှိပြီဖြစ်တဲ့ McDonald's All American Games ဘတ်စ်ကတ်ဘောပြိုင်ပွဲကြီးအကြောင်း documentary တစ်ပုဒ်ပဲဖြစ်ပါတယ်။1977 က စပြီး နှစ်စဉ် NBA နဲ့ WNBA ဆီကို ရွေးချယ်ခံရမယ့် မျိုးဆက်သစ် talents တွေဖြစ်တဲ့ တစ်နိုင်ငံလုံးရဲ့ ထိပ်တန်းအတော်ဆုံး အထက်တန်းကျောင်းသားကစားသမားတွေအားလုံးကို တစ်နေရာတည်းမှာ စုပြီးတော့ ယှဉ်ပြိုင်တာကို တွေ့ရမှာပါ။ နာမည်အရမ်းကြီးတဲ့ ပြိုင်ပွဲတစ်ခုဖြစ်ပြီး Magic Johnson, Candace Parker နဲ့ Breanna Stewart စတဲ့ legends တွေအများကြီးရဲ့ interviews တွေအပြင် McDonald's All American Games က နာမည်ကျော်ကစားသမားတွေရဲ့ ကိုယ်ရေးရာဇဝင်နဲ့ သမိုင်းကြောင်းတွေကိုပါ ထည့်သွင်းရိုက်ကူးပေးထားတာပဲဖြစ်ပါတယ်။