Fantasy of the Girls FHD

Fantasy of the Girls

Drama Romance FHD 2018

ဇာတ်လမ်းအညွှန်း အချစ်ဆိုတာ အသက်အရွယ်မရွေး Gender မရွေးမှာ ဖြစ်ပေါ်လာတတ်ပေမယ့် ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှုဒဏ်ကိုခံရပြီး မဖြစ်သင့်တဲ့ ဒဏ်ခတ်အချစ်ဆိုတာမျိုး ရှိပါတယ်...ချစ်နေကြပေမယ့်လည်း မဖြစ်သင့်တဲ့အတွက် မချစ်ခဲ့သလိုနေခဲ့လိုက်ရမယ့် အချစ်ဇာတ်လမ်းလေးကို ဒီကားလေးမှာ ပုံဖော်ထားပုံကတော့ .. ပထမနှစ်အထက်တန်ကျောင်းသူလေး ဆွန်းဟွာ(Roh Jeong-eui)ဟာ သူမရဲ့ကျောင်းက နောက်ဆုံးနှစ် စီနီယာကျောင်းသူ ဆူယွန်း(Jo Soo-hyang)နဲ့ အမှတ်မထငတွေ့ဆုံခဲ့ရာကဆူယွန်းရဲ့မျက်စိကျသွားမှုကြောင့် ရိုမီယို ဂျူးလိယက် ပြဇာတ်အတွက် ဂျူးလိယက်နေရာကို အရွေးခံခဲ့ရပါတယ်။ ရိုမီယိုနေရာမှာ သရုပ်ဆောင်မယ့် စီနီယာကျောင်းသူ ဟာနမ်(Kwon Nara)ကတော့ ဂျူနီယာတိုင်းရဲ့ အသည်းစွဲစံပြ ကျောင်းသူတစ်ယောက်ဖြစ်တာမို့လို့ တွဲသရုပ်ဆောငခွင့်ရခဲ့တဲ့ ဆွန်းဟွာကို လူတိုင်းက အားကျနေခဲ့ရတဲ့အဖြစ်ပေါ့ .. ဒီလိုနဲ့ ပြဇာတ်အတွက် လေ့ကျင့်ကြရင်း ရင်းနှီးသွားပြီး ဆွန်းဟွာက စီနီယာဟာနမ်အပေါ် ခံစားချက်တွေ ရှိလာတဲ့အခါမှာတော့ ..