Secret Agent and His Beautiful Wife FHD

Secret Agent and His Beautiful Wife

Drama FHD 2018

လျှို့ဝှက်အေးဂျင့်လူချောလေးနဲ့ ပန်းချီကျောင်းသူလေးရဲ့ ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ လျှို့ဝှက်အေးဂျင် ချန်ခိုင်လွင်ဟာ တာဝန်ထမ်းဆောင်နေရင် မထင်မှတ်ပဲ ပန်းချီကျောင်းသူလေး လီမုံ့လီနဲ့တွေ့ခဲ့ပါတယ်။ လီမုံ့လီက ရိုင်းစိုင်းတဲ့ဖောက်သည်ကို ခေါင်းမာမာနဲ့အလျှော့မပေးပဲလိုက်နေတာကြောင့် ချန်ခိုင်လွင်က စိတ်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ် ဒါပေမယ့် မမျှော်လင့်ပဲ သူ့ရဲ့ထူးချွန်တဲ့ပန်းချီပညာကြောင့် ချန်ခိုင်လွင်လိုက်နေတဲ့အမှုအတွက် မုံ့လီရဲ့ကျောင်းမှာပဲ သဲလွန်စအသစ်တွေရလာခဲ့ပါတယ် လီမုံ့လီက သူ့ရဲ့အမှုအတွက်အကူအညီပေးနိုင်တာကိုသိသွားတဲ့အချိန်မှာတော့ သူသိထားသမျှတွေကိုသိရဖို့အတွက် ချန်ခိုင်လွင်က လီမုံ့လီကိုဖိအားတွေအမျိုးမျိုးပေးပါတော့တယ်။ သူတို့နှစ်ယောက်ဟာ အမှုအတွက်အတူတူရုန်းကန်ရင်း ငြင်းခုန်ရင်း အချိန်တွေအတူတူကုန်ဆုံးခဲ့ပါတယ်။အမြဲတမ်း အငြင်းပွားနေတဲ့ဒီစုံတွဲကြားမှာ အချစ်စိတ်တွေနိုးထလာနိုင်မလား .... ဒါမှမဟုတ် ချန်ခိုင်လွင်ကလီမုံ့လီ သတင်းထိန်ချန်မှုနဲ့ အရေးယူပြီးဖမ်းမလားဆိုတာကို ရင်ခုန်စရာမြင်တွေ့ရမှာဖြစ်ပါတယ်