ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် ၂၀၂၁ခုနှစ်မှာထွက်ရှိခဲ့တဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... ဒီကားလေးမှာတော့ မင်းသားကြီး Cha In pyo, All of us are deadထဲမှ Cho Dal Hwanနဲ့ Search WWWထဲမှ Ji Seung-hyunတို့အပြင် တခြားနာမည်ကြီး သရုပ်ဆောင်များလည်း ပါဝင်ပါတယ် ။ ချာအင်ဖြိုဟာ ယခင်က အရမ်းကိုရေပန်းစားခဲ့တဲ့ နာမည်ကြီးသရုပ်ဆောင်တစ်ဦးပါ... အာရမ် (Cho Dal Hwan)ကတော့ ချာအင်ဖြိုရဲ့ မန်နေဂျာဖြစ်ပြီး အရိပ်အကဲနည်းနည်းလေးမှ မသိတဲ့ ချာအင်ဖြိုကြောင့်အမြဲပင်ပန်းနေရသူပါ... တစ်နေ့မှာတော့ အခြားသောနာမည်ကြီးသရုပ်ဆောင် ၃ယောက်နဲ့အတူတွဲလုပ်ရမဲ့ talk showတစ်ခုကိုကမ်းလှမ်းခြင်းခံခဲ့ရပါတယ်... ဒါပေမဲ့လည်း show မစခင်တစ်ရက်မှာ ချာအင်ဖြိုတစ်ယောက် တောင်တက်ရင်းချော်လဲကာ တစ်ကိုယ်လုံး ရွှံ့တွေပေကျံကုန်တာကြောင့် နီးစပ်ရာမိန်းကလေးအထက်တန်းကျောင်းတစ်ခုမှာ ကိုယ်လက်သန့်စင်ဖို့ ဖြစ်လာခဲ့ပါတယ်... ကျောင်းပိတ်ရက်ဖြစ်တာကြောင့် ဘယ်သူမှမရှိဘူးအထင်နဲ့ ဝင်လာခဲ့ပေမဲ့ သူမသိခဲ့တာကတော့ အဲဒီအဆောက်အဦဟာ ပြိုကျခါနီးမို့လို့ ပြန်လည်ပြုပြင်ဖို့ရည်ရွယ်ထားတာပါ... အဲဒါကြောင့် သူရေချိုးဖို့ရေပန်းကို ဖွင့်ဖွင့်ချင်းမှာပဲ အဆောက်အဦးတစ်ခုလုံးပြိုကျကာ အထဲမှာပိတ်မိသွားခဲ့ပါတော့တယ်... ချာအင်ဖြိုတစ်ယောက် အဆောက်အဦထဲကနေ ဘယ်လိုပြန်ထွက်လာမလဲ အကြာကြီးနေမှရတဲ့အခွင့်အရေးဖြစ်တဲ့ talk showကိုအချိန်မီသွားနိုင်ပါ့မလားဆိုတာကို ဟာသလေးနှောပြီး အတူတူရယ်မောရင်းကြည့်ရှုခံစားလိုက်ရအောင်နော် ..