Georgia Peach FHD

Georgia Peach

Drama FHD 2026

ဇာတ်လမ်းကတော့ အရက်စွဲရောဂါကနေ ပြန်လည် နာလန်ထူဖို့ ကြိုးစားနေတဲ့ နာ့စ် (Nurse) မလေးတစ်ယောက်အကြောင်းပါ။ သူမဟာ အရင်က အမှားတွေကို သင်ခန်းစာယူပြီးဘဝသစ်တစ်ခု စတင်ဖို့၊အလုပ်နဲ့ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ဖို့ အစွမ်းကုန် ကြိုးစားနေသူပေါ့။ ဒါပေမဲ့ သူ့ရဲ့ အတိတ်က အရိပ်ဆိုးတွေက အလွယ်တကူ ထွက်မသွားပါဘူး။ အထူးသဖြင့် သူရဲ့ မောင်ဖြစ်သူက တောင်းဆိုမှုတွေ တဖြည်းဖြည်း များလာပြီး သူမကို ဒုက္ခပေးလာတဲ့အခါမှာတော့ သူမ ခက်ခဲစွာ တည်ဆောက်ထားရတဲ့ ဘဝအသစ်ဟာ ပြိုလဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရပါတော့တယ်။ မိသားစုအရေးနဲ့ ကိုယ့်ရဲ့ စိတ်ဓာတ်ခိုင်မာမှုကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲ၊ သူမရဲ့ အတိတ်က အရိပ်ဆိုးတွေကို အနိုင်ယူနိုင်ပါ့မလား ဆိုတာကိုကြည့်ရမယ့် ကားကောင်းလေးပါ။