Where the Wind Comes From FHD

Where the Wind Comes From

Comedy Drama FHD 2025

တူနီးရှားနိုင်ငံရဲ့ ရှုခင်းအလှအပတွေနဲ့အတူ လူငယ်နှစ်ယောက်ရဲ့ အိမ်မက်တွေကို ရိုက်ကူးထားတဲ့ Road-Trip အမျိုးအစားကားလေးပါ။ ဒီဇာတ်ကားဟာ ၂၀၂၅ ခုနှစ် Sundance Film Festival မှာ ပွဲဦးထွက်ပြသခဲ့ပြီး ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကို တော်တော်လေး ရရှိထားပါတယ်။အသက် ၁၉ နှစ်အရွယ် Alyssa ဟာ စိတ်အားထက်သန်ပြီး ခေါင်းမာတဲ့ မိန်းကလေးတစ်ယောက်ပါ။ သူမမှာ Mehdi ဆိုတဲ့ ငယ်သူငယ်ချင်းတစ်ယောက်ရှိပြီး သူကတော့ အေးအေးဆေးဆေးနေတတ်တဲ့ အနုပညာဝါသနာအိုး လူငယ်လေးပေါ့။ သူတို့နှစ်ယောက်လုံးဟာ သူတို့နေထိုင်ရာ မြို့လေးရဲ့ ကျဉ်းထဲကျပ်ထဲ အခြေအနေတွေကနေ ရုန်းထွက်ပြီး ဘဝသစ်တစ်ခု တည်ဆောက်ချင်နေကြသူတွေပါ။ တစ်နေ့မှာတော့ ဂျာမနီမှာ ပညာသင်ဆုရမယ့် အနုပညာပြိုင်ပွဲတစ်ခုအကြောင်း သိလိုက်ရတဲ့အခါ Alyssa က Mehdi ကို တိုက်တွန်းပြီး ပြိုင်ပွဲကျင်းပရာ Djerba ကျွန်းဆီကို ခရီးစတင်ခဲ့ပါတယ်။ လမ်းခရီးမှာ ကားပျက်တာ၊ ပိုက်ဆံပြတ်တာ စတဲ့ အခက်အခဲပေါင်းစုံ ကြုံရသလို တစ်ယောက်နဲ့တစ်ယောက် အယူအဆ မတူတာတွေကြောင့် ရန်ဖြစ်ကြတာတွေလည်း ရှိပါတယ်။ ဒီခရီးစဉ်ဟာ သူတို့အတွက် ရတနာသိုက်ရှာတဲ့ ခရီးထက် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေပြီး သူငယ်ချင်းသံယောဇဉ်ကို စမ်းသပ်ရင်း ဘဝရဲ့ အိမ်မက်တွေနောက်ကို လိုက်ဖို့ ကြိုးပမ်းကြပုံကို စိတ်အားတက်ဖွယ်ရိုက်ကူးထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်