ဒီတခါတော့ Wuxia (ဝူရှ)သိုင်းကား ကြိုက်သူတွေအတွက် "Fist Of Fury;Soul''ဆိုတဲ့ သိုင်းကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဝူလင်သိုင်းထိပ်သီးအစည်းအဝေး ကျင်းပနေချိန်မှာ ဟေးယွီဟွေး(အနက်ရောင်ငှက်မွေးအဖွဲ့)ရဲ့ ခေါင်းဆောင် ရွှယ်မော်လော့က သိုင်းအဖွဲ့တွေကို အလစ်ဝင်တိုက်ပြီး သိမ်းပိုက်ဖို့ ကြိုးစားခဲ့ပါတယ်။ ကျင်းဝူသိုင်းရဲ့ခေါင်းဆောင် ဟော်ချန်ခုန်းဟာ ဒီတိုက်ပွဲမှာ သူ့ရဲ့ ကွန်ဖူးတိုက်ကွက်တွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီအတွက်ကြောင့် ဟော်ချန်ခုန်းဟာ သူ့ရဲ့အတွင်းအားနဲ့ ကျင်းဝူတိုက်ကွက်တွေကို သူ့ရဲ့သား လျိုကျင်းထံ လွှဲပြောင်းပေးခဲ့ပါတယ်။ ဆယ့်လေးနှစ်ကြာပြီးနောက်မှာတော့ လျိုကျင်းဟာ ကွန်ဖူးသင်ယူလိုတာကြောင့် ဟော်သိုင်းသင်တန်းကို ရောက်လာခဲ့ပါတယ်။ ကွန်ဖူးဆရာကြီးဟော်ကို စိန်ခေါ်တိုက်ခိုက်ရာမှာ ရှုံးနိမ့်ခဲ့ပြီး သင်တန်းကနေ ထွက်ခွာခဲ့ရပါတယ်။ အမှတ်မထင် လမ်းမှာ ဦးလေးထန်ပိုင်နဲ့တွေ့ပြီး တစ်မူထူးခြားတဲ့ ဆရာတစ်ဦးကို ရှာဖွေဖို့ နောက်က လိုက်သွားခဲ့ရာကနေ ဟေးယွီဟွေးရဲ့ လျှို့ဝှက်နေရာကို ရောက်ရှိသွားခဲ့ပြီး သူ့အဖေရဲ့ ရန်သူတော်ကြီး ရွှယ်မော်လော့နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ လျိုကျင်းတစ်ယောက် ဖခင်အမွေပေးခဲ့တဲ့ အစွမ်းထက်တဲ့ ကျင်းဝူတိုက်ကွက်ကို အသုံးချပြီး ဖခင်ရဲ့ ရန်သူတော်ကြီး ဟေးယွီဟွေး(အနက်ရောင်ငှက်မွေးအဖွဲ့)ရဲ့ ခေါင်းဆောင် ရွှယ်မော်လော့ကို အနိုင်သွားမလားဆိုတာ ကြည့်ရှုရမယ့် Wuxia သိုင်းကား ဇာတ်ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။