The Glass House FHD

The Glass House

Drama Thriller FHD 2001

IMDb အဆင့်သတ်မှတ်ချက် 5.8/10 ရရှိထားတဲ့ The Glass House ဟာ ၂၀၀၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ စိတ်လှုပ်ရှားဖွယ် Thriller/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ် Ruby နဲ့ သူ့ရဲ့မောင်လေး Rhett တို့ မိဘတွေကို မတော်တဆ ကားမှောက်မှုကြောင့် သေးဆုံးသွားတာနဲ့ ဇာတ်အိမ်တည်ထားပြီး အိမ်နီးချင်းဖြစ်ဖူးတဲ့Terry နဲ့ Erin Glass ဆိုတဲ့ မာလီဘူးအိမ်ကြီးက မိသားစုဆီမှာ အမွေခံအနေနဲ့ သွားရောက်နေထိုင်ကြရပါတယ် အစမှာ အားလုံးအဆင်ပြေသလို ထင်ရပေမယ့် တဖြည်းဖြည်းနဲ့ အိမ်ကြီးထဲမှာ မလုံခြုံတဲ့အရာတွေ ငွေသုံးပြီး မောင်နှမနှစ်ယောက်ကို ကြိုးကိုင်ခြယ်လှယ်ထားတာတွေကို တွေ့မြင်ရပါလိမ့် Ruby ကတော့ အကြီးမပီပီ အမြဲသတိထားအကဲခတ်တတ်သူပါ Rhett ကတော့သာမန်ကလေးငယ်တစ်ဦးလို ဂရုစိုက်မှုတွေအကြင်နာတွေကိုတောင့်တနေသူဖြစ်ပြီး Glass မိသားစုရဲ့ အောက်မှာ ဖြစ်ပျက်နေတာတွေကို နားမလည်ဘဲ ပျော်ရွှင်နေပါတယ် ဇာတ်အိမ်ကို ကောင်းမွန်စွာတည်ဆောက်ထားပြီး လူတွေငွေနဲ့ပတ်သက်လာရင် ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာနဲ့ လူတွေကို အပြင်ပန်းနဲ့မဆုံးဖြတ်သင့်ကြောင်း ကောင်းကောင်းဖော်ပြထားတဲ့ကား တစ်ကားပါတယ် ကြာချိန်ကတော့ ၁နာရီ၄၀မိနစ်ရှိပြီး ပဟေဠိဆန်တဲ့ကားတစ်ကားဖြစ်တာကြောင့် ပျင်းမနေရမှာတော့သေချာပါတယ် ဇာတ်လမ်းအကျဉ်းကတော့ Ruby တို့ မောင်နှမနှစ်ယောက် အန္တရာယ်တွေ ကြိုးကိုင်ခြယ်လှယ်ခံရမှုတွေကနေ လွတ်မြောက်မလား မလွတ်မြောက်သွားဘူးလားဆိုတာကို စိတ်လှုပ်ရှားဖွယ်ကြည့်ရမှာပါ နောက်ခံတီးလုံးတွေကိုအဆက်အဟက်မိအောင်သုံးထားတဲ့အတွက်ကြောင့် Thriller ကားကြိုက်တဲ့ပရိသတ်တွေအတွက် အချိန်ပေးရကြိုးနပ်တဲ့ ကားတစ်ကားဖြစ်မှာပါ