On Summer Sand FHD

On Summer Sand

Drama FHD 2025

"နွေရာသီရဲ့ ပူပြင်းတဲ့သဲသောင်ပြင်ပေါ်မှာ... မျှော်လင့်ချက်ဆိုတဲ့ ခြေရာလေးတွေ ကျန်ရစ်နေသေးပါသတဲ့"ဂျပန် မိသားစုဒရာမာကားကောင်းကောင်းလေးတွေ၊ အေးအေးဆေးဆေးနဲ့ ရင်ထဲကို ထိရှသွားစေမဲ့ Healing Vibe မျိုးလေးတွေကို သဘောကျတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါတော့ "On Summer Sand" ဆိုတဲ့ ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီကားလေးမှာတော့ မြန်မာပရိသတ်တွေနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဂျပန်မင်းသားကြီး Joe Odagiri ခေါင်းဆောင်ပါဝင်ထားပါတယ်။ သူနဲ့အတူ မင်းသမီးချောလေး Akari Takaishi၊ ဝါရင့်မင်းသမီးကြီးတွေဖြစ်တဲ့ Takako Matsu နဲ့ Hikari Mitsushima တို့လည်း အားဖြည့်ပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ နာဂါဆာကီမြို့ရဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီတစ်ခုမှာ အစပြုထားပါတယ်။ အိုဆာမုဆိုတဲ့ အမျိုးသားဟာ သူအရမ်းချစ်ရတဲ့ သားငယ်လေးကို ဆုံးရှုံးလိုက်ရပြီးတဲ့နောက် မိန်းမဖြစ်သူနဲ့လည်း လမ်းခွဲလိုက်ရတဲ့အပြင် အလုပ်လုပ်နေတဲ့ သင်္ဘောကျင်းကပါ ပိတ်လိုက်တာမို့ အလုပ်လက်မဲ့ဖြစ်ပြီး ဘဝကြီးကို ရည်ရွယ်ချက်မဲ့ ဖြတ်သန်းနေတဲ့သူပါ။ဒီလိုနဲ့ လမ်းပျောက်နေတဲ့ အိုဆာမုဆီကို သူ့ရဲ့ညီမဖြစ်သူက အလည်ရောက်လာပြီး ၁၇ နှစ်အရွယ် သမီးဖြစ်သူ ယူကိုကို ထားရစ်ခဲ့ရာကနေ ဇာတ်လမ်းက အလှည့်အပြောင်းဖြစ်လာပါတယ်။သားဖြစ်သူကို ဆုံးရှုံးထားရပြီးတော့ နှလုံးသားတစ်ခြမ်းနဲ့ ဘဝရည်ရွယ်ချက်ပျောက်နေတဲ့ ဖခင်တစ်ယောက်နဲ့ ဖခင်မေတ္တာငတ်မွတ်နေတဲ့ ဖတဆိုး တူမလေးတို့ နှစ်ယောက် တစ်အိမ်တည်း အတူနေထိုင်ကြရင်း... သူတို့ရဲ့ ရင်တွင်းက နာကျင်မှု ဒဏ်ရာတွေကို ဘယ်လို ဖေးမကူညီပြီး ကုစားကြမလဲဆိုတာကတော့….