Fire Will Come FHD

Fire Will Come

Drama FHD 2019

ဒါကတော့ ၂၀၁၉ ခုနှစ် Cannes Film Festival မှာ Un Certain Regard ဂျူရီဆုကို ဆွတ်ခူးခဲ့တဲ့ စပိန်ရုပ်ရှင် "Fire Will Come" (O que arde) ပဲဖြစ်ပါတယ်။ ငြိမ့်ငြိမ့်လေးနဲ့ ရင်ထဲထိမယ့် Poetic Cinema မျိုးကို ကြိုက်နှစ်သက်သူတွေအတွက် အဖိုးတန်တဲ့ ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Amador Coro ဟာ တောမီးရှို့မှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ဂါလီစီယာ (Galicia) တောင်တန်းပေါ်က သူ့ရဲ့ ဇာတိရွာလေးကို ပြန်ရောက်လာပါတယ်။ အသက်ကြီးပြီဖြစ်တဲ့ မိခင်ဖြစ်သူ Benedicta ၊ သူတို့ရဲ့ နွားမကြီး ၃ ကောင်နဲ့အတူ အေးအေးချမ်းချမ်း နေထိုင်ဖို့ သူကြိုးစားပါတယ်။ ဒါပေမဲ့ ရွာသားတွေကတော့ သူ့ကို "မီးရှို့သမား" ဆိုတဲ့ အမြင်နဲ့ သံသယမျက်လုံးနဲ့ နောက်ကနေ စောင့်ကြည့်နေကြဆဲပါ။ သဘာဝတရားက လှပအေးချမ်းနေပေမဲ့ ရွာသားတွေရဲ့ မုန်းတီးမှုနဲ့ အတိတ်က အရိပ်မည်းတွေက တဖြည်းဖြည်း တင်းမာလာပါတယ်။ တစ်နေ့မှာတော့ တောင်တန်းတစ်ခုလုံးကို ဝါးမြိုမယ့် တောမီးကြီး တကယ်တမ်း လောင်ကျွမ်းလာတဲ့အခါမှာတော့။ အားလုံးက Amador ကိုပဲ လက်ညှိုးထိုးကြပါတော့တယ်။ သူ တကယ်ပဲ ရှို့ခဲ့တာလား? ဒါမှမဟုတ် ကံကြမ္မာရဲ့ ကျိန်စာဆိုးလားဆိုတာကိုတော့ ကိုယ်တိုင်ပဲခံစားကြည့်ကြပါဦး။