ဒီတစ်ခေါက်မှာတော့ (I) မှာ မပြီးပြတ်သေးတဲ့ DOA အဖွဲ့ကို ဆက်လက်ချေမှုန်းသွားမယ့် ဟောင်ကောင်နာမည်ကြီးသရုပ်ဆောင် Chow Yun-Afat ရဲ့ From Vegas to Macau II (2015)ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဒီတစ်ကားမှာတော့ လောင်းကစာဘုရင် ရှစ်ရိကျန်းကို အင်တာပိုလ်အဖွဲ့အစည်းမှာ သူတို့နဲ့အတူ ပူးပေါင်းပါဝင်ပြီး DOA ဆိုတဲ့ ဒုစရိုက်အဖွဲ့ကို ရှင်းလင်းရန် ဖိတ်ခေါ်ထားတာနဲ့ အစပြုထားပါတယ်။အစ်ကိုကျန်းဟာ အင်တာပိုလ်အဖွဲ့အစည်းရဲ့ ဖိတ်ခေါ်မှုကို ငြင်းဆန်ခဲ့သော်လည်း နောက်ဆုံးမှာ တပည့်ဖြစ်သူ အားလုံအား စိတ်မချတာကြောင့် လက်ခံခဲ့ရပါတော့တယ်။ သူတို့ဟာ DOA အဖွဲ့ရဲ့ ကြိုးကိုင်သူအသစ် မစ္စအွိုင်းကို ရှင်းလင်းရန် အရင်ခေါင်းဆောင်ဟောင်း မစ္စတာကောင်း ရဲ့ ဝမ်းကွဲတော်စပ်သူ ဘဏ္ဏာရေးတာဝန်ခံ ရှောင်မာကို လိုက်လံရှာဖွေကြရပါတော့တယ်။သို့သော် ရှောင်မာဟာ အဖွဲ့အစည်းမှာ ဘဏ္ဏာငွေ ၁၅ ဘီလီယံကို ယူဆောင်ကာ ထွက်ပြေးတိမ်းရှောင်နေတာကြောင့် မစ္စအွိုင်းတို့ဘက်ကရော အင်တာပိုလ်ဘက်ကပါ လိုက်လံရှာဖွေကြရပါတော့တယ်။ကံကောင်းထောက်မစွာဖြင့် အင်တာပိုလ်အဖွဲ့မှ ရှောင်မာကို ရှာဖွေတွေ့ရှိခဲ့သော်လဲ DOA ဘက်မှ ဓါးစာခံဖမ်းကာ အကြပ်ကိုင်မှုကြောင့် အဆုံးမှာတော့ ရှောင်မာရော ရှစ်ရိကျန်း ပါ မစ္စအွိုင်းလက်ထဲသို့ ကျရောက်ခဲ့ရပါတယ်။ ရှောင်မာယူဆောင်ထားသော ၁၅ ဘီလီယံဟာ DOA လက်ထဲသို့ ပြန်ရောက်သွားမလား ...? မစ္စအွိုင်းရဲ့ လက်ထဲကရော လွတ်မြောက်နိူင်ပါ့မလား.....ဆိုတာကို ထုံးစံအတိုင်း ဟာသတစ်ပိုင်း အက်ရှင်ခန်းတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။