Bring Out the Fear HD

Bring Out the Fear

Horror HD 2021-08-28 8.3 87 Min

သင်ဟာအဆုံးမရှိတဲ့တောအုပ်တစ်ခုထဲမှာ ရောက်နေရင် ဘယ်လိုရုန်းကန်လှုပ်ရှားမလဲ… ပြီးခါနီးထိပြဿနာရင်းမြစ်ကဘာလဲ… ဘာကိုအဖြေရှာရမလဲ စတဲ့ ရှုစားသူပါ တွေးတောရတဲ့ Horror ကားတစ်ကားကို ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားဟာလည်း သင့်အတွက်ပါပဲ။ Dan နဲ့ Rosie ဆိုတဲ့အတွဲတစ်တွဲဟာ ပြဿနာတွေတက်ခဲ့ကြပါတယ်။ Rosie ဟာ Eric ဆိုတဲ့ Dan နဲ့လည်း အရမ်းခင်ခဲ့တဲ့ သူငယ်ချင်းနဲ့ ဖောက်ပြန်ခဲ့လို့ ပြဿနာတွေတက်ခဲ့ကြရတာပေါ့။ အဲဒီနောက်မှာ Dan ဟာ ကောင်မလေးကိုခွင့်လွှတ်ပြီး ကောင်မလေးနဲ့အတူ စိတ်ပြေလက်ပျောက်လမ်းလျှောက်ဖို့ တောအုပ်လေးတစ်ခုထဲကို ကားလေးနဲ့ထွက်ခဲ့ကြပါတယ်။ တောအုပ်ထဲမှာလမ်းလျှောက်ကြရင်း စကားစမြည်လေးတွေပြော Relationship တစ်ခုကို ပြန်လည် fix လုပ်ရင်း တောခြောက်သလိုတွေဖြစ်ပြီး ချောက်ချားစရာဖြစ်ရပ်မျိုးစုံကြုံတွေ့လာရပါတော့တယ်။ ဒါတွေကို Dan နဲ့ Rosie ဘယ်လိုရင်ဆိုင်ဖြတ်သန်းပြီး ဒီ Supernatural အဖြစ်အပျက်တွေက ဘာလို့ဖြစ်တာလဲဆိုတာကို ကိုယ်တိုင်ဝင်ရောက်ခံစားရင်း ကြည့်ရှုလိုက်ကြရအောင်ဗျာ…